ပျင်း၍ ခေါက်ဆွဲပြုတ် စားခြင်း
မင်္ဂလာပါ မိတ်ဆွေတို့ရေ။
နေ့စဉ် အကြောင်းအရာတစ်ခု ရှာကာ Post တင်နေသောအကျင့် ပျက်သွားခဲ့ လချီလာခဲ့ပါပြီ။
နေ့စဉ် စာရေးတဲ့အကျင့် ပျက်တော့ စာရေးရမှာ ပျင်းလာသလိုဖြစ်နေသည်။
ပျင်းတော့ လူက ဖျင်းလာပြီး အကြံဉာဏ်ကောင်းတွေ မထွက်ပေါ်လာတော့ပါ။
ဒီတော့ ကျွန်တော် နေ့စဉ် post မတင်နိုင်ဖြစ်နေပါသည်။

ထိုနည်းတူစွာ၊
နေ့စဉ် စားနေရသော ထမင်း နှင့် ဟင်းမျိုးစုံကို ချက်ပြုတ်ဖို့ ပျင်းလာသောအခါ အသင့်စားခေါက်ဆွဲခြောက် ကို ပြုတ်စားဖြစ်ပါသည်။
အသင့်စားခေါက်ဆွဲခြောက် သည် ကျန်းမာရေးအရ အကြိမ်များစွာ မစားသင့်ဟု ယူဆပါသည်။

သို့ပေမယ့်လည်း ကျွန်တော်တို့သည် ပျင်းသောအခါ ခေါက်ဆွဲပြုတ်စားတတ်ကြပါသည်။
ဒီနေ့ ခေါက်ဆွဲပြုတ်ကိုတော့ မုန်ညင်းရွက်များဖြင့် ရောနှောကာ ပြုတ်စားဖြစ်ခဲ့ပါတယ်။

ကဲ မိတ်ဆွေတို့ရော ကျွန်တော်ကဲ့သို့ ပျင်းတဲ့အခါ ခေါက်ဆွဲပြုတ် စားပါသလား။
အသင့်စားခေါက်ဆွဲကို ကြိုက်နှစ်သက်ပါသလား။
ခေါက်ဆွဲခြောက်မှာ ဘာအဟာရမှ မပါဘူးဗျ။ ခေါက်ဆွဲခြောက်စားမယ်ဆိုရင် အရွက် တမျိုးမျိုး အသားတမျိုးမျိုး ကြက်ဥ ထည့်စားတာက ပိုပြီးသင့်လျော်ပါတယ်လို့ ပညာရှင်များက အကြံပေးကြတာ မှတ်သားဘူးပါတယ်။
ဟုတ် ကျေးဇူးပါ။
ဟင်းသီးဟင်းရွက်နှင့်ရောပြုတ်စားသင့်တာပေါ့။