Sunset Phone Photography

Hello friends.

Summer has arrived.
The days are getting drier.
The view around us is so dry.
My mind is also feeling lazy and dry.

The beauty of the evening is highlighted by the yellowish golden setting sun.
Watching the sunset against the beautiful landscape is very peaceful.
That is why many people go there to see the beauty of the sunset.

I also often watch the sunset in the evening.
The ancient cultural area of Bagan in Myanmar is a great place to watch the sunset.
At present, I am not allowed to travel to Bagan due to the road safety situation.
So, I only enjoy the sunset from the surroundings of my house.
Only nature can provide valuable beauty.

မင်္ဂလာပါ မိတ်ဆွေတို့ရေ။

နွေ ရောက်လာခဲ့ပါပြီ။
နေ့ခင်းဘက်တွေသည် ခြောက်သွေ့လာခဲ့ပါပြီ။
ပတ်ဝန်းကျင်ကို ရှုမြင်ရသည်မှာ ခြောက်ကပ်ကပ်ရှိလှသည်။
ကျွန်တော်၏ စိတ်သည်လည်း ပျင်းရိခြောက်သွေ့နေသည်။

ညနေ၏ အလှသည် ဝါရွှေရောင်သန်းနေသည့် ဝင်လုဆဲ နေမင်း ကြောင့် ထင်ပေါ်စေသည်။
လှပသော မြေပြင်ရှုခင်းကို အောက်ခံထားပြီး နေဝင်ချိန်ကို ကြည့်မြင်ရသည်မှာ လွန်စွာ စိတ်‌ငြိမ်းအေးသာယာစေပါသည်။
ဒါကြောင့်သာပဲ လူများစွာသည် နေဝင်ချိန်အလှကို အထူးတလည် သွားရောက်ကြည့်ရှုတတ်ကြခြင်း ဖြစ်မည်။

ကျွန်တော်သည်လည်း ညနေခင်းတွေမှာ နေဝင်ချိန်ဆည်းဆာအလှကို ခဏခဏ ကြည့်ဖြစ်ပါသည်။
မြန်မာနိုင်ငံ၌ ရှေးဟောင်းယဉ်ကျေးမှုနယ်မြေ ပုဂံဒေသသည် နေဝင်ချိန်အလှ ကြည့်ရှုလို့ကောင်းလှသည်။
ယခုအချိန်မှာတော့ ကျွန်တော်သည် လမ်းခရီး လုံခြုံရေးအခြေအနေအရ ပုဂံဒေသ သို့ ခရီးမထွက်ရဲပါ။
ဒီတော့လည်း ကျွန်တော် နေထိုင်သည့်အိမ်ပတ်ဝန်းကျင်မှ နေဝင်ချိန်ရှုခင်းကိုသာ ကြည့်ရှုခံစားဖြစ်ပါသည်။
သဘာဝသည်သာ တန်ဖိုးရှိသော အလှတွေ ပေးစွမ်းနိုင်သည်သာ။



0
0
0.000
7 comments
avatar

သဘာဝအလှတရားတွေနဲ့ ပျော်မွေ့နေသူကြီး။
သိပ်လှတဲ့ ညနေဆည်းဆာလေးပါဗျာ။

!PIZZA

0
0
0.000