Pilgrimage Phone Photography
Hello friends!

Three days ago, I visited Kuthodaw Pagoda in Mandalay.
Within the precincts of Kuthodaw Pagoda, there are many pagodas with Pali scriptures inscribed in stone.

Our family visited Kuthodaw Pagoda, but we didn't get to see all of the Pitaka Pagoda.
However, we took some memorable photos of the pilgrimage with our phone camera.

The surroundings were so beautiful that I wanted to take a photo. There
were thick clouds moving in the sky, but the sun was shining brightly.
There were also people who were taking photos as they were visiting the temple, just like us.

As we were returning from the pagoda, we took pictures of the entire pagoda complex, looking at the replica statues.
These are the statues that can be seen from one place for those who cannot visit all the Pitaka pagodas up close.

Today, I am sharing some memorable photos from our family's happy pilgrimage.
မင်္ဂလာပါ မိတ်ဆွေတို့ရေ။
လွန်ခဲ့သော သုံးရက်က မန္တလေးမြို့ ကုသိုလ်တော်ဘုရားဖူး ရောက်ဖြစ်ခဲ့ပါသည်။
ကုသိုလ်တော်ဘုရား ပရဝုဏ်အတွင်း၌ ပိဋကတ် ပါဠိတရားတော်များကို ကျောက်စာ ရေးထိုးကာ ငုံ၍ တည်ထားသော စေတီများစွာ တည်ရှိပါသည်။
ကျွန်တော်တို့မိသားစုသည် ကုသိုလ်တော်ဘုရား ကို ဖူးမြော်ခဲ့ပြီး ပိဋကတ်တော်စေတီအားလုံး ဆီကိုတော့ မဖူးမြင်ဖြစ်ခဲ့ပါ။
သို့ပေမယ့် ဘုရားဖူးအမှတ်တရဓာတ်ပုံများကိုတော့ phone camera ဖြင့် ရိုက်ယူခဲ့ပါသည်။
အမှတ်တရဓာတ်ပုံရိုက်ယူချင်လောက်အောင်လည်း ပတ်ဝန်းကျင်သည် သာယာလှပနေခဲ့ပါသည်။
ကောင်းကင်၌ တိမ်များ ထူထပ်စွာ ရွေ့လျားနေကြပေမယ့် နေရောင်တောက်ပကာ ကြည်လင်နေခဲ့ပါသည်။
ကျွန်တော်တို့နည်းတူ ဘုရားဖူးလာရင်း အမှတ်တရဓာတ်ပုံရိုက်ယူနေကြသူများလည်း ရှိနေခဲ့ကြပါသည်။
ဘုရားမှ ပြန်ခါနီးမှာတော့ ဘုရားပရဝုဏ်တစ်ခုလုံးကို ပုံတူပွားရုပ်ထုများ ကိုလည်း ကြည့်ရှုရင်း ဓာတ်ပုံရိုက်ယူခဲ့ပါသည်။
ဒါကတော့ ပိဋကတ်စေတီတော် အားလုံးကို အနီးကပ် သွားရောက် မဖူးမြင်နိုင်သူတို့အတွက် တစ်နေရာတည်းမှ မြင်တွေ့နိုင်သည့်ရုပ်ထုများ ဖြစ်ပါသည်။
ဒီနေ့မှာတော့ ကျွန်တော်တို့မိသားစု သာယာခဲ့သည့် ဘုရားဖူးအမှတ်တရပုံများကို ဒီမှာ မျှဝေဖော်ပြပေးလိုက်ပါတယ်။
မရောက်ဖြစ်တာ အတော်ကြာပေါ့။
!LOLZ
!MEME
ဟုတ်ပါ့ နှစ်ချီနေပြီ
This temple is huge and the day you visited there was awesome with beautiful weather.
Thank you 🙏
May you be successful!