Entry For Reflection Hunters Contest SMARP

May you be filled with all blessings.

At a time when the people of Myanmar are suffering a lot due to the ongoing civil war, and the fuel shortage is becoming more and more difficult, people's lives are becoming more and more difficult.
I can't travel as much as I used to.

However, to make the trip possible, I had to work hard to get the Octane I needed for the motorcycle.
I went to town the day before to buy the necessary supplies.
So, I had lunch at a restaurant.

I was waiting for my lunch at a restaurant for a while before I could get my food.
I saw a reflection of a tissue paper box on the steel table.
So I put my camera next to the tissue paper box and took a picture of the reflection.
I wanted to post it for the Reflection Hunters Contest, so I had to do this in the place where I saw it.

မင်္ဂလာအပေါင်းနှင့်ပြည့်စုံကြပါစေ။

မြန်မာနိုင်ငံ၌ ပြည်တွင်းစစ်မီးတောက်လောင်နေသောကြောင့် ပြည်သူများ ဒုက္ခများစွာ ကြုံနေကြရသည့်အချိန် လောင်စာဆီ ရှားပါးမှု ထပ်မံကြုံတွေ့ကြရသောအခါ ပြည်သူများ၏ဘဝ ပိုမို ကြပ်တည်း ဒုက္ခများကြရတော့သည်။
ကျွန်တော်သည်လည်း ယခင်ကကဲ့သို့ ခရီးများ မသွားနိုင်တော့ပါ။

သို့ပေမယ့် ဖြစ်မြောက်အောင် သွားရမည့်ခရီးအတွက်တော့ ဆိုင်ကယ် အတွက် လိုအပ်သော Octane ကို ရအောင် အားထုတ်ရပါသည်။
ကျွန်တော်သည် ယခင်နေ့က လိုအပ်သောပစ္စည်းများ ဝယ်ယူရန် မြို့ သို့ သွားခဲ့ပါသည်။
သို့ဖြစ်၍ နေ့လည်စာကို စားသောက်ဆိုင်၌ စားသောက်ဖြစ်ခဲ့ပါသည်။

စားသောက်ဆိုင်၌ နေ့လည်စာ စားရန် မှာထားသော စားစရာများ မရောက်သေးခင် ခဏ ထိုင်စောင့်ခဲ့ရပါသည်။
ထိုစဉ် Steel စားပွဲ ပေါ်၌ တင်ထားသော Tissue paper box ၏ အလင်းပြန်ပုံရိပ်ကို မြင်တွေ့ခဲ့ရသည်။
ဒါနဲ့ ကျွန်တော်သည် ၎င်း Tissue paper box အနား ဓာတ်ဘူး ထားကာ တွေ့မြင်ရသော အလင်းပြန်ပုံရိပ်ကို ဓာတ်ပုံရိုက်ယူခဲ့ပါသည်။
Reflection Hunters Contest အတွက် post တင်ချင်တော့လည်း တွေ့မြင်သည့်နေရာမှာ ဤကဲ့သို့ လုပ်ဆောင်ရပေတော့သည်။



0
0
0.000
5 comments
avatar

စတီး စားပွဲလေးက ပြောင်နေတော့ reflection လေး ကောင်းကောင်းရပေါ့ !PIZZA

0
0
0.000