ဇွန်းရေတပြင်တည်း

avatar

မင်္ဂလာပါ မိတ်ဆွေတို့ရေ။

မနေ့ညနေက မိတ်ဆွေတစ်ဦး၏ အိမ် သို့ အလည်ရောက်ဖြစ်ခဲ့သည်။
ထိုမိတ်ဆွေ၏ ဇနီးသည် လွန်ခဲ့သော နှစ်ပတ်လောက်က ဆုံးပါးသွားခဲ့ခြင်း ဖြစ်သည်။
သို့ဖြစ်၍ ကျွန်တော်သည် အချိန်အားရလျှင် ထိုမိတ်ဆွေအိမ်သို့ အလည်သွားကာ စကားစမြည်ပြောခြင်း ဖြစ်သည်။

ကျွန်တော် ကဲ့သို့ပင် ထိုမိတ်ဆွေ၏ အိမ်နီးချင်းမိတ်ဆွေများသည်လည်း ထိုအိမ်သို့ လာရောက်နေတတ်ကြပါသည်။
မနေ့ညနေကတော့ ညနေစာ စားချိန်မှာ ကျွန်တော်က ထိုအိမ်မှာပင် ရှိနေခဲ့သည်။
သို့နှင့် အိမ်နီးချင်းမိတ်ဆွေတစ်ဦးက ညနေစာကို ဇွန်းထိုးစားကြရအောင်ဟု ဆိုခဲ့သည်။
သူပြောသော ဇွန်းထိုးစားရအောင် ဆိုသည်မှာ ထမင်းကို ဇလုံအကြီးကြီးထဲ ထည့်ပြီး မိတ်ဆွေအားလုံး ဝိုင်းဖွဲ့ကာ ဇွန်းကိုယ်စီဖြင့် စားကြရန် ဆိုခြင်း ဖြစ်သည်။

သို့ဖြစ်၍ ကျွန်တော်လည်း မိတ်ဆွေများနှင့်အတူ ညနေစာကို ဝိုင်းဖွဲ့စားဖြစ်ခဲ့ပါသည်။
ရှေးအခါကတော့ ဒေါင်းလန်းကြီးဖြင့် လက်ရေတပြင်တည်း ဝိုင်းဖွဲ့စားကြခြင်းသည် ထမင်းပိုမြိန်စေပြီး မိသားစု ပိုမို ချစ်ခင် စည်းလုံးစေသည်ဟု ဆိုကြသည်။

ကျွန်တော်တို့၏ ဒန်ဇလုံကြီးဖြင့် ဇွန်းကိုယ်စီကိုင်ကာ ဝိုင်းဖွဲ့စားကြခြင်းသည်လည်း သာယာဖွယ်ပင်ဖြစ်ပါတော့သည်။
ကဲ မိတ်ဆွေတို့ရော ကျွန်တော်တို့ကဲ့သို့ ဇွန်းထိုးကာ ဝိုင်းဖွဲ့စားဖူးကြပါသလား။



0
0
0.000
5 comments
avatar

ကျုပ်တို့အတွက် အသစ်အဆန်းပါပဲ
စားမြိန်မှာပဲ။
!LOLZ
!MEME

0
0
0.000
avatar

ဟင်းကလည်း စုံတော့ စားမြိန်တာပေါ့ဗျာ။

0
0
0.000
avatar

အဲံဒီလိုမျိုး မစားဖြစ်တာကြာပြီ။ ဒါပေမဲ့ အိမ်မှာ အသုပ်တွေစားကြရင်တော့ တူမလေးတွေနဲ့ လုစားနေရတာ 😅

!PIZZA

0
0
0.000
avatar

ဇွန်း လုနေကြရ မဟုတ်လား။

0
0
0.000