ခရုပေါက်စလေးတွေ
မင်္ဂလာပါ မိတ်ဆွေတို့ရေ။
ကျွန်တော်တို့စိုက်ပျိုးထားသည့် ရှင်သီဝလိဂမုန်းပန်းအိုး ထဲ၌ ခရုပေါက်စလေများကို တွေ့မြင်ခဲ့ရသည်။
ခရုလေးးတွေက ပန်းပင်တွေကို အန္တရာယ် မပေးလေက်ဘူး ထင်သောကြောင့် ဒီအတိုင်းထားခဲ့သည်။

တစ်နေ့က ဦးထွေး၏ ပို့စ်ထ၌ ခရုတွေက ဟင်းသီးဟင်းရွက်အပင်တွေပေါ် တက်ကာ ကိုက်ဖြတ်စားတတ်ကြောင်း ဖတ်ခဲ့ရသည်။
ထိုနောက် ကျွန်တော်၏ ပန်းပင်လေးတွေ အပေါ် ခရုပေါက်လေများ တက်ကာ ကပ်နေကြသည်ကို ထပ်မံ မြင်တွေ့ခဲရသည်။

ဒီတော့ကာ ကျွန်တော်သည် မနေနိုင်တော့ဘဲ ခရုပေါက်လေးများကို ပန်းအိုးထဲမှ ရှာဖွေ ကောက်ယူခဲ့ပါသည်။
စုစုပေါင်း ၁၃ ကောင် ရရှိခဲ့သည်။
ပြီးတော့ အခြားတနေရာ မြင်ခင်းတွေပေါ် သို့ လွှတ်ပစ်ခဲ့ပါသည်။
ပန်းတွေ မစားနဲ့ မြက်တွေစားကြပါ ခရုလေးတို့ရေ။
0
0
0.000
အဲ့သလို အသေးလေးတွေတော့မရှိ ဘူး။
ကျုပ်တို့ခြံက ခရုတွေက အကြီးကြီးတွေ
တညထဲနဲ့ အပင်ပေါက်စတော့ ကုန်ရော။
!LOLZ
!MEME
ဒါက အကောင်ပေါက်လေးတွေ