သစ်တောသစ်ပင် ချစ်ခင်ကြစို့

avatar

မင်္ဂလာပါ။

နွေနေ ပူလွန်းတယ်။
ရာသီဥတု ပူသည် အိုက်သည် အေးသည် ချမ်းသည် ဆိုတာတွေကို အလုပ်အားနေသူ သို့မဟုတ် အလုပ်အားနေရင်သာ ညည်းတွားနိုင်ကြမှာပါ။
အလုပ်ပြီး အလုပ်ပဲ လုပ်နေရသူကတော့ ပူတာ အေးတာ ညည်းတွား နေအားမှာ မဟုတ်ပါဘူး။

ကျွန်တော်လည်း ထို့တူသာပါပဲ။
အလုပ်လေး အနားရရင် ခုလို နွေနေပူကို သိသိသာသာ ခံစားရပြီး အလုပ်မအားရရင်တော့ အလုပ်ပြီးဖို့သာ အာရုံစိုက်နေရပါတယ်။

ကျွန်တော်က ကျေးလက်မှာ နေသူဆိုတော့ ဥတုရာသီ တောကိုမှီ ဆိုတာလေးနဲ့ လိုက်ဖက်ပါသေးတယ်။
လုပ်စရာအလုပ်လေးတွေ လုပ်ပြီးလို့ အနားရမယ်ဆို သစ်ရိပ်ကောင်းရာ ရှာပြီး နားနေနိုင်ပါတယ်။
သစ်ရိပ် ထန်းရိပ်က အေးမြမှုကို ရစေနိုင်သလို လေကောင်းလေသန့်လည်း ရှူရှိုက်ရစေပါတယ်။

ဒါကြောင့်သာပဲ ကျွန်တော်ကတော့ သစ်ပင်တောတောင်၏ အရိပ်အာဝါသ ကို ခိုလှုံ ခံစားရတိုင်း သစ်ပင်တွေကို ချစ်မြတ်နိုးတတ်ဖို့၊ သစ်ပင်တွေကို မခုတ်လှဲကြဖို့၊ သစ်ပင်တွေ စိုက်ကြဖို့ ပြောမိ၊ ရေးမိ တိုက်တွန်းမိနေတတ်တော့တာပါပဲ။

@golden.future



0
0
0.000
13 comments
avatar

သစ်ပင်စိုက်ပါ တို့ကမ္ဘာ စိမ်းစိုလှပ သဘာဝ
!LUV
!LOL

0
0
0.000
avatar

သစ်တောသစ်ပင် ချစ်ခင်တဲ့လူမျိုး ငွေတိုက်ကို စိုးရမယ်တဲ့ !lol

0
0
0.000