တောလမ်းမှာသွား တောပန်းဝါများ

မင်္ဂလာရှိကြပါစေ။

ယနေ့တော့ တောပန်းဝါလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။
မိုးအကုန် ဆောင်းအကူးမှာ ပွင့်တဲ့ ပန်းလေးတွေပါ။

တောလမ်းတလျှောက် နေရာများစွာမှာ ပေါက်ရောက်နေကြပြီး ဝေဆာစွာ ပွင့်လန်းနေကြတာပါ။
ဘာပန်းလေးတွေလဲတော့ မသိပါဘူး။

ကျွန်တော် ငယ်ငယ် ကလေးဘဝတုန်းကတော့ ဒီပန်းဝါလေးတွေနဲ့ ကစားဖူးပါတယ်။
ပန်းဝါလေးတွေ၏ အလယ်က ဝတ်မှုန်တိုင်လေးကို ဖဲ့ကာ မျက်ခွံပေါ် ကပ်ပြီး သရဲခြောက်တမ်း ကစားခဲ့ဖူးတာပါ။

တနေ့တနေ့ မတူညီတဲ့ အကြောင်းအရာ နှင့် ပုံလေးတွေ ဖော်ပြနိုင်အောင် ရှာကြံနေရပါတယ်။
ဒီနေ့တော့ မရောက်ဖြစ်တာ ကြာပြီဖြစ်သော HIVE-MYANMAR Community ထဲသို့ အလည်ဝင်ရောက်ခဲ့ပါတယ်။
တာဝေးသမား ကိုယ်တို့ Hive သမားတွေ ဇွဲလုံ့လထား ဆက်ကြိုးစားကြပါစို့။



0
0
0.000
4 comments
avatar

ကြိုးစားနေပါတယ်ဗျာ။
!LOLZ
!MEME

0
0
0.000