ဟိုတုန်းက တောင်သမန် ဦးပိန် နဲ့ ကွာခြားလေပြီ

မင်္ဂလာပါ။
ဟိုတစ်နေ့က တောင်သမန်အင်း ရောက်ဖြစ်ခဲ့တာ ဆက်ရဦးမယ်။

ဟိုယခင် ရေကျချိန် ဦးပိန်တံတား ရောက်ဖြစ်ခဲ့လျှင် တောင်သမန်အင်း ထဲမှ ယာယီဆိုင်လေးများမှ ငါးကြော်၊ ပုဇွန်ကြော်၊ အကြော်စုံ နှင့် အုန်းရည် စသည်ဖြင့် စားသောက်ဖြစ်ပါတယ်။
ယခုတော့ အင်းထဲမှာ ယာယီဆိုင်တဲများ မရှိကြပါဘူး။

ကျွန်တော်လည်း ဒီလိုအချိန် ယခင်က တံတားအောက် ဖြတ်ပြီး ဟိုဘက်ကမ်း ဒီဘက်ကမ်း ကူးလို့ ရမယ် ထင်ပြီး ဆိုင်ကယ် စီးသွားခဲ့ပါတယ်။
တောင်သမန်အင်း အလယ်လောက်ရောက်တော့ ရေစပ်ကို ဆိုင်ကယ်ဖြင့် ဖြတ်စီးကြည့်ပါတယ်။
ထိုနောက် ဗေဒါပင်တွေ ရှုတ်ပွနေတာနဲ့ ဟိုဘက်ကမ်း ဆက်မကူးဖြစ်တော့ပါဘူး။

ယခင်က အမှတ်တရဓာတ်ပုံရိုက်နေကြ သစ်ပင်ခြောက်ကြီးကိုလည်း ဗေဒါပင်တွေ ဖြင့် ပတ်ဖို့ထားသည်ကို မြင်တွေခဲ့ရပါတယ်။
ဒါနဲ့ပဲ ကျွန်တော်လည်း တံတားအောက်မှ ဦးပိန်တံတားရောက် အမှတ်တရ အဖြစ် ဓာတ်ပုံအချို့ ရိုက်ယူခဲ့ပါတယ်။
အင်းကို ဖြတ်ပြီး ဖူးမြင်ရတဲ့ ထုံးဖြူဖြူစေတီ ပုံအပါအဝင်ပေါ့။

ဒါကတော့ ယခင် နှင့် ယခု ကွာခြားနေသော ဦးပိန်တံတားရောက် အမှတ်တရများပါပဲ။
မအလ လက်ထက် တိုးတတ်နေမှုများပေါ့။

@golden.future



0
0
0.000
13 comments
avatar

သူ့ခေတ်သူ့အခါ မဟုတ်သေးလို့ပါ
!LOL

0
0
0.000
avatar

ဆိုင်မများ လူမရှုတ်တော့ ငြိမ်းအေးတာပေါ့
!LOL
!MEME

0
0
0.000
avatar

လွမ်းပေါ့ သောင်တမန်... ကသက်ကို သတိရမိပါ့။ !PIZZA

0
0
0.000
avatar

နောင်အခါ ဆုံကြသေးတာပါ့ဗျာ

0
0
0.000
avatar

Nice shot
!PIZZA
!KUV
!LOLZ
!PIMP
!MEME

0
0
0.000