ပွင့်သီးဝေဆာ ဆီဆိုင်မှာ

Have a nice day!


ကမ္ဘာတဝန်း ဆီပြဿနာ တက်နေကြသလို မြန်မာမှာလည်း စက်သုံးဆီ ပြဿနာ ကြုံနေရပါတယ်။
တနေ့က ဆီဆိုင်တစ်ခုမှာ ဆိုင်ကယ် ထဲ ဆီထည့်ရန် တန်းစီးပြီး စောင့်နေရပါတယ်။


ဆီဆိုင်ရှေ့မှာ အလှစိုက်ထားသော အပင်တစ်ပင်မှ အပွင့်များ ပွင့်ကာ အသီးများ သီးနေကြပါတယ်။
ဘာပင်လဲတော့ မသိပါ။


ကျွန်တော်လည်း ဆိုင်ကယ်ထဲ ဆီထည့်ရန် အလှည့်မရောက်သေးသောကြောင့် ထိုပန်းများပွင့်ကာ အသီးများသီးနေသော အပင်အနားသို့ သွားကာ ဓာတ်ပုံများရိုက်ယူခဲ့ပါတယ်။


ကဲ အပွင့်အသီးလေးတွေ ဝေဆာလှပနေလို့ ဒီမှာ ဖော်ပြပေးလိုက်ပါတယ်။
ဒါ ဘာပင်လဲ မိတ်ဆွေတို့ သိကြပါရဲ့လား။



0
0
0.000
3 comments
avatar

ဆီပြဿနာက ရှေ့လျှောက် ဘာတွေဖြစ်လာမလဲ
မသိဘူး။
LOLZ
!MEME

0
0
0.000
avatar

ဘာဖြစ်ဖြစ်ပေါ့ကွယ်

0
0
0.000
avatar

မက်မန်းသီးနဲ့ဆင်သလို

0
0
0.000