ကိုယ့်အဖြစ် သားအဖြစ် ကစားကြည့်လိုက်ပြီ

မင်္ဂလာညချမ်းပါ။
နွေနေပူလောင်အိုက်တဲ့ နေ့အချိန်ကို လွန်မြောက်ပြီးသကာလ ညခင်းမှာ အေးဆေးစွာ အနားယူနိုင်ကြပါစေ။

ပူလောင်မှုတွေ ကြားထဲ နေပူ ဖုန်းပူ အင်တာနက်လိုင်းမကောင်း ဘယ်ကိုမှ မသွားဖြစ် ဘာလိုလို အနေအထားမျိုးမှာ ဘာစာ ရေးရမှန်းလည်း မသိတော့ပါဘူး။
ဘာမှ မဟုတ်မဟတ်တွေကြားထဲ ဟုတ်တိပတ်တိ မလုပ်နိုင်ပေမယ့် ရလဒ်လေးတွေတော့ အကျိုးအမြတ်ရချင်နေမိတယ်။
ဒီတော့လည်း ဖုန်းဂယ်လာရီထဲ လှန်လှောကြည့်ရင်း မနောယမံကလေးကစားကွင်း လိုက်ပို့ဖြစ်တုန့်းက အမှတ်တရရိုက်ပေးထားတဲ့ သားရဲ့ ဓာတ်ပုံတွေ တင်လိုက်ရပါတယ်။


ကစားကွင်းထဲ ရောက်ခဲ့တဲ့ သား ကလည်း အချို့အရာတွေကို ဘယ်လို ကစားရမှန်း မသိပါဘဲ မှန်းဆကာ ကစားနေခဲ့ပုံတွေကို ကြည့်မိတော့ မရေရာတဲ့ ဘဝက သူလိုကိုယ်လိုပါပဲလားဟု တွေးမိတယ်။
ထင်ရာမြင်ရာ လုပ်ကြည့် ကစားနေရင်း ဟုတ်မယ်ထင်တာမျိုး ခံစားမိရင် ပျော်မိတာ ကလေး သဘာဝပါပဲ။
လူကြီး ဖြစ်တဲ့ ကိုယ်လည်း မှန်းဆ ရမ်းချတာလေးက ရလဒ်ကောင်းကောင်း ရခဲ့ရင် ပျော်မိတာပါပဲလေ။



0
0
0.000
5 comments