တစ်နေ့တာ ကရိန်းမောင်းမှတ်တမ်း

avatar

တစ်နေ့တာ ကရိန်းမောင်းမှတ်တမ်း

မနေ့က (၂၀.၄.၂၀၂၃)ရက်နေ့က အလုပ်များတဲ့ နေ့တစ်နေ့ဖြစ်တယ်။ဘာလိုဆို မနက်ခင်း ရောင်နီသန်းချိန် အလုပ်ခွင်ထဲ ၀င်ပြီး အလုပ်က အဆက်မပြတ် လုပ်ရတဲ့ နေ့လေးတစ်နေ့ပေါ့။ပထမဆုံး ကရိန်းမောင်းဖို့ deck အဖွဲ့က လာခေါ်တော့ ကရိန်းမောင်းဖို့ အလုပ်က စပါတော့တယ်။က ရိန်းမောင်းတာ မပင်ပန်းသောလည်း နေပူထဲ ရပ်နေပြီး မောင်းရတော့ ခေါင်းပူ ကျောပူပြီး ခေါင်းကိုက်တဲ့ အနေအထားရောက်တာ ခဏခဏပါဘဲ။

ကရိန်းဆိုတော့ အမိုးအကာ ထိုင်စရာမပါဘဲ မတ်တပ်ရပ်ပြီး မောင်းရတာပါ။ထိုသို့မောင်းသောအခါ deckအဖွဲ့က ပစ္စည်းတွေ ကြိုးနဲ့ ဆိုင်းကာ စောင့်နေရတဲ့ ဒုက္ခ တစ်မျိုးပါ။ဒါကတော့ လူအင်အားမလုံလောက်သောကြောင့် ခုလို အလုပ်မပြီးဖြစ်နေတာပေါ့။အထက်က လူမချပေး‌သောအခါ လူတစ်ယောက်က လူသုံးယောက်လုပ်အားနဲ့ လုပ်နေရတယ်။ဒါကလည်း လက်ရှိ အခြေအနေတစ်ခုပေါ့။

ကရိန်းမောင်းတာ ၁၂ နာရီထိမောင်းရပြီး ထမင်းစားခဏနားမှ နားရပြန်တယ်။ထမင်းစားလက်စဘဲ ရှိသေးတယ် လေအိုးဆေးအိုး အလုံး ၂၀ရောက်လာသော်ကြောင့် လေအိုးဆေးအိုးများ ထမင်းစားထကာ ပြေးထမ်းပြေးသယ်ရတာ စားထားတဲ့ထမင်းလေး ဘယ်ဆီဘယ်များ ရောက်သွားလည်း မသိတော့ပါ။‌အလုပ်ပြီးတော့ စားလက်စ ထမင်းလေးပြန်စားရင် အလုပ်ပြန်လုပ်ဖို့ ဆိုင်းပြင်းရပြန်တယ်။

အဲလိုနဲ့ ကရိန်းတစ်ခါမောင်း တစ်နေ့ကုန် ကုန်တဲ့ ဘ၀လေးပေါ့။ကရိန်းမောင်းတာ ည(၇)နာရီထိုးမှ အလုပ်လက်ဆသတ်ကာ ရေမိုးချိုးပြီး ထမင်းစားကာ အနားယူ ရတော့တယ်။ညရောက်တော့ hive accountလေး ဖွင့်ကာ ဘယ်သူတွေများ လာvoteမလဲ ကြည့်ရ မျော်ရရင် တစ်နေ့တာ ကရိန်းမောင်းခြင်း ပြီးဆုံးပါပြီး။

Author-@tunnaingwin
Date-21.4.2023
Time-8:35AM



0
0
0.000
5 comments