သရက်ခြံ သွားရောက်ခြင်း နှင့် မေတ္တာစာသရက်သီးများ
မင်္ဂလာပါ။

လွန်ခဲ့သော တစ်လလောက်က မိတ်ဆွေတစ်ဦး၏ သရက်ခြံ သို့ ရောက်ဖြစ်ခဲ့သည်။
စိန်တလုံးသရက်ပင်များ ကို အဓိက စိုက်ပျိုးထားပြီး ဟင်္သာ နှင့် ပန်းစွဲ သရက်မျိုးအပင်များလည်း စိုက်ထားပါသည်။

စိန်တလုံးသရက်သီးများကို ငှက်မကိုက် ပြ ပိုး မစုပ်ထိုးစေရန် အိတ်စွပ်ပေးကြပါသည်။
ကျွန်တော်လည်း သရက်သီး အိတ်စွပ်ခြင်းကို ဝိုင်းဝန်းလုပ်ဆောင်ခဲ့ပါသည်။

သရက်ခြံပိုင်ရှင်မိတ်ဆွေသည် သရက်သီးအိတ်စွပ်ခြင်းကို လူငှားဖြင့် လုပ်ကိုင်ခဲ့ခြင်း မဟုတ်ပါ။
သောက်ဖော်စားဖက်တွေနှင့် အတူ လုပ်ဆောင်ပြီး သောက်စားကြခြင်း ဖြစ်ပါသည်။
ကျွန်တော်ကလည်း သောက်ဖော်စားဖက်အဖွဲ့ဝင် ဖြစ်လေတော့ သရက်သီးအိတ်စွပ်တာ ဝိုင်းလုပ်ရန် အဓိကမဟုတ်ဘဲ ဝိုင်းဖွဲ့သောက်ရန်သာ ရောက်ဖြစ်ခဲ့ခြင်း ဖြစ်သည်။

ကျွန်တော်တို့မိသားစုသည် သရက်သီးရာသီ ရောက်လျှင် စားရန် သရက်သီးများကို ဝယ်ယူရလေ့မရှိပါ။
ကျွန်တော့်အား ချစ်ခင်ကြသော မိတ်ဆွေများက ပေးကမ်းသော သရက်သီးများကို တစ်ရာသီလုံး စားကြရပါသည်။
သရက်သီးရာသီ၌ ကျွန်တော်၏ ရေခဲသေတ္တာ ထဲ၌ အမြဲအစဉ် သရက်သီးမှည့်များ ရှိနေတတ်ပါသည်။
ဒါကတော့ မေတ္တာစာစစ်စစ်များပင် ဖြစ်ပေတော့သည်။

မေတ္တာစာတွေ ချိုချက်ပေါ့။
!LOLZ
!MEME
ဟုတ်ပေါ့