သားရှင်ပြု သမီးနားသ မြန်မာ့ရိုးရာအလှူ အမှတ်တရ
မင်္ဂလာပါ မိတ်ဆွေတို့ရေ။
ဒီနှစ်ရက်မှာ အလုပ်တွေမအားလို့ စာမရေးဖြစ် post မတင်နိုင်ခဲ့ပါဘူး။
အလုပ်မအားတာက မြန်မာ့ရိုးရာယဉ်ကျေးမှု အလှူပွဲ အတွက် အာရုံစိုက်နေရလို့ပါ။


ကျွန်တော် ယခင်က ငှားရမ်းနေထိုင်ခဲ့သည့် အိမ်မှ သားရှင်ပြု သမီးနားသ အလှူတော်မင်္ဂလာပွဲ ကျင်းပခဲ့ပါတယ်။
ဆွေမျိုး မတော်စပ်ပေမယ့် အတူနေခဲ့တဲ့ မိတ်ဆွေသံယောဇဉ်ဖြင့် ကျွန်တော်၏ သားနှင့်သမီး ကိုလည်း ရှင်ပြုနားသရန် တောင်းဆိုခဲ့ကြသောကြောင့် ထည့်ပေးဖြစ်ခဲ့ပါတယ်။


ဒီတော့လည်း ကျွန်တော်တို့ကိုယ်တိုင် အလှူပွဲ မလုပ်နိုင်သေးခင်မှာ သား ကို ရှင်ပြုပြီး သာမဏေ အဖြစ် သာသနဘောင်သို့ အပ်နှင်း ဖြစ်ခဲ့ပါတယ်။


အလှူပွဲ လှည့်လည်ပြသရာ၌လည်း စုံတွဲလိုက်ပါဝင်ခဲ့ရပါတယ်။
မြန်မာ့ရိုးရာအရ သား ကို ဆင် စီးပြီး မြင်းရံစေချင်တဲ့ ဆန္ဒလည်း ပြည့်ဝခဲ့ပါတယ်။
အကယ်၍ နိုင်ငံရေးအရ ရှောင်တိမ်းကြရသည် ဖြစ်ခဲ့သော်မှ သား ကို ရှင်ပြု သာမဏေ ဘဝ ခေတ္တ ပို့ဆောင် ရောက်ရှိစေခဲ့သည့်အတွက် ကျေနပ်ရပါတယ်။


ဒါကြောင့်သာပဲ ယနေ့မှာတော့ သားရှင်ပြု သမီးနားသ အလှူပွဲ အမှတ်တရ ပုံရိပ်များကို ဒီမှာ သိမ်းဆည်းရင်း ဖော်ပြပေးလိုက်ပါတယ်။



LOLZ