Orchids Home Gardening Phone Photography

Hello friends.

The housewife loves to grow flowers.
I love her so much that I have to indulge her passion.

In fact, she devotes my time to caring for the beautiful flowers that she have grown at home, not for commercial purposes.
My wife left the civil service due to political circumstances, so she has only family and household chores to do, so she can devote time to taking care of the flowers.

Last month, while traveling, I stopped by a garden that sold orchids.
So I bought some orchids.
When I got home, I divided some of the orchids and replanted them in new flower pots.

Some orchids have strong flower buds, while others require time to develop and mature.

I am delighted to be involved in growing orchids at my beloved wife's request.
It is also a joy to see orchids blooming at home every day.
That is why I am sharing the beauty of orchids grown at home here.

မင်္ဂလာပါ မိတ်ဆွေတို့ရေ။

အိမ်ရှင်ဇနီးက ပန်းပင်တွေ စိုက်ပျိုးရတာကို ဝါသနာပါသည်။
ကျွန်တော်က သူမကို ချစ်တော့ သူမ၏ဝါသနာကို လိုက်လျောပေးရပါသည်။

တကယ်တော့ စီးပွားဖြစ်မဟုတ်ဘဲ အိမ်မှာ အလှစိုက်ပျိုးထားသော ပန်းပင်တွေ ရှင်သန် ပွင့်လန်းစေရန် လုံ့လစိုက်ထုတ် အချိန်ပေးရပါသည်။
ဇနီးက နိုင်ငံရေးအခြေအနေကြောင့် နိုင်ငံ့ဝန်ထမ်းဘဝက ထွက်ခဲ့တော့ မိသားစုအိမ်မှုကိစ္စသာလျှင် လုပ်စရာရှိသောကြောင့် ပန်းပင်တွေကို ပြုစုရန် အချိန်ပေးနိုင်တာပါ။

ပြီးခဲ့သည့်လက ခရီးသွားရင်း သစ်ခွပန်းမျိုး ရောင်းချသည့် ခြံ သို့ ဝင်ရောက်ဖြစ်ခဲ့သည်။
ဒီတော့ သစ်ခွပန်းမျိုးတွေကို ဝယ်ယူဖြစ်ခဲ့သည်။
အိမ်ရောက်တော့ အချို့သစ်ခွပန်းမျိုးတွေကို ခွဲခြမ်းကာ ပန်းအိုးအသစ်များဖြင့် ပြန်လည် စိုက်ပျိုးဖြစ်ခဲ့ပါသည်။

အချို့သစ်ခွပန်းမျိုးတွေက ပန်းအခိုင်အဖူး အပွင့် ပါရှိကြပါသည်။
အချို့ကတော့ အပင်ကြီးထွားဖွံ့ဖြိုးရန် အချိန်ပေး ပြုစုရပါဦးမည်။

ချစ်သော ဇနီး အလိုကျ သစ်ခွပန်းမျိုးတွေကို စိုက်ပျိုးရာ၌ ပါဝင်လုပ်ဆောင်ပေးရသည်ကို ကျွန်တော် ကြည်နူးမိခဲ့သည်။
အိမ်မှာ သစ်ခွပန်းတွေ ပွင့်ဝေနေတာကို နေ့စဉ် ကြည့်မြင်နေရသည်မှာလည်း ပျော်ရွှင်ကြည်နူးရပါသည်။
ဒါကြောင့်သာပဲ အိမ်မှာ စိုက်ပျိုးထားသော သစ်ခွပန်းများ၏ အလှကို ဒီမှာ ဖော်ပြပေးလိုက်ရပါသည်။



0
0
0.000
4 comments
avatar


🎉🎉🥳 Congratulations 🥳🎊🎊


Your post has just been curated and upvoted by @Ecency , keep up the good work !

0
0
0.000
avatar

That's a beautiful way to express your love. The orchids look beautiful and are growing so well.

0
0
0.000