ငှက်အိမ် နှင့် စပါးနှံ တိုက်ကြီးဆောက်နေရန်ပါ
မင်္ဂလာပါ မိတ်ဆွေတို့ရေ။
ဒီနေ့တော့ HIVE MYANMAR Community ထဲ အလည်ဝင်ရောက်ပါဦးမယ်။
Crypto and HIVE ဈေးတွေ ကျ၊ Hive Blockchain game တွေလည်း အခြေအနေမလှတော့ လူက ယောင်ချာချာဖြစ်လို့နေပါတယ်။
အရောင်းအဝယ်လည်း မလုပ်ဖြစ်၊ ပို့စ်လည်း မှန်မှန်မတင်နိုင် ဖြစ်နေတော့တာပဲ။
စိတ်မပါတော့ အကြောင်းအရာရှာ စာရေးချင်စိတ်ပျောက် ဘဝ က ကမောက်ကမဖြစ်နေတာပါ။

အိမ်ရှင်မက တိုက်ဆောက်နေနိုင်အောင် အိမ်မှာ စာအိမ် နှင့် စပါးနှံ ချိတ်ဆွဲပေးထားရတယ် ဟူသော အတွေ့အကြုံမျှဝေသူတစ်ဦး၏ စကားကို ယုံစားပြီး ငှက်အိမ် ဝယ်ယူကာ ချိတ်ဆွဲထားခဲ့ပါတယ်။

ငှက်အိမ် အနား လူကလည်း ခဏခဏ ဖြတ်သွားနေတော့ စာလေးတွေက လာမနားကြပါဘူး။
ငှက်လေးတွေက စပါးနှံကိုတောင် စားရမယ်မှန်း သိပါ့မလား ထင်ခဲ့ရပါတယ်။
ဒါပေမယ့် အချိန်ကြာလာတော့ စာလေးတေလည်း ဒီအိမ်က လူတွေက သူတို့ကို ရန်မမူတတ်ဘူး ဆိုတာ ယုံကြည်သွားကြပြီ ထင်ပါတယ်။
ငှက်အိမ် အနား ကျွန်တော် ထိုင်နေပါလည်း စာလေးတွေက စပါးနှံများပေါ် နားခိုကာ စပါးစေ့ ကောက်စားနေတတ်ကြပါပြီ။

ထန်းရွက်တဲ အောက်မှာ ဖုန်း သုံးရင်း တိုက်ဆောင်နိုင်ရန် ငှက်အိမ် ထားပေးတဲ့ အမှတ်တရ ဓာတ်ပုံရိုက်ပြီး မျှဝေပေးလိုက်ပါတယ်။
အယူအဆက မှန်မမှန်တော့ မသိပေမယ့် ငှက်သံလေးတေ တကျွီကျီနဲ့ ကျွန်တော့်အိမ်ဟာ သာယာနေပါတယ်။
ကျွန်တော်တို့အိမ်က စာအိမ်က ကြွက်အိမ်ဖြစ်နေပါပေါ့။
!LOLZ
!MEME
အယ် ကြွက် ကို မောင်းထုတ်ဘူးလား