My Entry For Shadow Hunters SMASh Contest

Hello friends.

The weather conditions suddenly changed.
It was no longer cold at night, but extremely hot during the day.

My family went to see a traditional Burmese cultural procession in the village where I live.
We walked from our house to the village road.
It was very hot in the afternoon, so we stopped under the shade of a tree to watch the procession.
When the sun is hot, we realize the value of shade.

On the way back, my daughter asked me to carry her, saying that she was tired of walking in the hot sun.
I wanted to tease her, so I continued on without carrying her.
I am sharing these memorable images with you now, because my daughter's mother took photos of them.

မင်္ဂလာပါ မိတ်ဆွေတို့ရေ။

ရာသီဥတုအခြေအနေသည် ရုတ်တရက် ပြောင်းလဲလာခဲ့သည်။
ညဘက်မှာ မချမ်းအေးတော့သလို နေ့ဘက်၌ လွန်စွာ ပူပြင်းလာခဲ့သည်။

ကျွန်တော် နေထိုင်သည့် ကျေးရွာ၌ မြန်မာရိုးရာယဉ်ကျေးမှု အလှူပွဲ လှည့်လည်ပြသခြင်းကို ကျွန်တော်တို့မိသားစု သွားရောက်ကြည့်ရှုခဲ့သည်။
ကျွန်တော်တို့နေထိုင်သည့်အိမ် မှ ကျေးရွာ ကားလမ်းမ သို့ လမ်းလျှောက်သွားခဲ့ကြပါသည်။
နေ့ခင်းဘက် နေအလွန်ပူချိန် ဖြစ်သောကြောင့် သစ်ပင်အရိပ်အောက်၌ ရပ်နားကာ အလှူလှည့်ကို ကြည့်ရှုခဲ့ကြခြင်း ဖြစ်သည်။
နေပူသည့်အခါ သစ်ပင်ရိပ်၏ တန်ဖိုးကို ကောင်းစွာ သိမြင်ရပါသည်။

အပြန်လမ်း၌ သမီးက နေပူအောက် လမ်းလျှောက်ရတာ ညောင်းလို့ဟု ဆိုကာ ပွေ့ချီခိုင်းပါသည်။
သမီးကို စနောက်ချင်သောကြောင့် မပွေ့ချီဘဲ ဆက်သွားသောအခါ အော်ငိုခဲ့ပါသည်။
ဒီအမှတ်တရပုံရိပ်များကို သမီး၏ မေမေက ဓာတ်ပုံရိုက်ယူခဲ့သောကြောင့် ယခု ဖော်ပြပေးလိုက်ရပါသည်။



0
0
0.000
7 comments
avatar

Congratulations
You received an upvote ecency


0
0
0.000