My Entry for Shadow Hunters Contest SMASh

Hello friends.

One day, I went to Mandalay to buy some necessary things.
After buying the things, I had to take my son and daughter to the moat surrounding the city of Yadanarbon.

More than 5 years ago, I could enter the palace and enjoy the ancient relics.
Now, because the military has taken power from the people in Myanmar, ordinary people are no longer allowed to enter the ancient palace.
The military has set up a military camp in the palace, which is surrounded by a moat.
So, I haven't been near them for 5 years.
So, this is the first time my son and daughter have walked along the moat.

Benches were built along the moat for people to rest and play sports.
So the son and daughter walked and played along the moat.

I took these memorable photos and submitted them for the Shadow Hunters Contest.

မင်္ဂလာပါ မိတ်ဆွေတို့ရေ။

တစ်နေ့က လိုအပ်သောပစ္စည်းများ ဝယ်ယူရန် မန္တလေးမြို့ သို့ သွားရောက်ဖြစ်ခဲ့သည်။
ပစ္စည်းများ ဝယ်ယူပြီး လမ်းကြုံသောကြောင့် သားနှင့်သမီး ကို ရတနာပုံနန်းမြို့ ကို ဝန်းရံထားသော ကျုံး နဘေး သို့ လိုက်ပို့ဖြစ်ခဲ့သည်။

လွန်ခဲ့သော ၅ နှစ်ကျော်ကတော့ နန်းတော် ထဲသို့ ဝင်ရောက်ကာ ရှေးဟောင်းအမွေအနှစ်များကို ကြည့်ရှုလေ့လာရင်း အပန်းဖြေနိုင်သည်။
ယခုအခါမှာတော့ မြန်မာနိုင်ငံ၌ အကြမ်းဖက်စစ်တပ်က ပြည်သူလူထုထံမှ အာဏာလုယူထားသောကြောင့် သာမန်ပြည်သူများ ရှေးဟောင်း နန်းတော် ထဲသို့ ဝင်ခွင့်မရရှိတော့ပါ။
ကျုံး ပတ်လည်ဝန်းရံထားသော နန်းတော် ထဲ၌ အကြမ်းဖက်စစ်တပ်သည် စစ်စခန်း ချထားပါသည်။
သို့ဖြစ်၍ ကျွန်တော်သည် ၎င်းတို့နှင့် နီးရာ ကျုံးဘေးသို့ပင် မရောက်ဖြစ်သည်မှာ ၅ နှစ်လောက် ရှိခဲ့ပါပြီ။
ဒီတော့ ကျွန်တော်၏ သားနှင့်သမီးသည်လည်း ယခုအကြိမ်သည် ကျုံးဘေး၌ ပထမဆုံး လမ်းလျှောက်ဖူးခြင်း ဖြစ်ပါသည်။

ကျုံး နဘေး၌ ပြည်သူများ အနားယူရန် ခုံတန်းလျားများ တည်ဆောက်ထားသည့်အပြင် အားကစားလုပ်ရန်များလည်း တည်ဆောက်ထားပါသည်။
သို့ဖြစ်၍ သားနှင့်သမီးသည် ကျုံးနဘေး၌ လမ်းလျှောက်ရင်း ကစားခဲ့ကြပါသည်။

ဤသည်ကို ကျွန်တော်က အမှတ်တရဓာတ်ပုံများ ရိုက်ယူခဲ့ပြီး အရိပ်ပါသောဓာတ်ပုံများကို Shadow Hunters Contest အတွက် ဖော်ပြပေးလိုက်ပါသည်။



0
0
0.000
12 comments
avatar

ကျုံး‌ဘေး လမ်းလျှောက်ခဲ့တဲ့နေရာလေးတွေ။
!LOLZ
!MEME

0
0
0.000
avatar

I'm sorry your children are not able to go into the palace, but I hope they enjoyed playing by the moat. Great shadows!

!LADY
!INDEED
!PIZZA

Thanks for entering SMASh 420 ❤️

0
0
0.000