My Entry for Reflection Hunters Contest SMARP
Hello friends!
Today, I used a forest road to go to a village.
In fact, I could have used a car-road to go to that village.
However, there were sometimes some terrorist soldiers on the car-road, so I took a detour to avoid meeting them.

I saw a natural pond on a forest trail I visited.
It was a pond that had collected rainwater from the previous week.
Trees were growing on the edge of the pond, creating reflections on the water's surface.

So I stopped my motorcycle, turned on my phone camera, and took some photos.
That's why I was able to participate in this week's Reflection Hunters Contest.

မင်္ဂလာပါ မိတ်ဆွေတို့ရေ။
ယနေ့ ကျေးရွာတစ်ရွာသို့ သွားရာ တောလမ်းကို အသုံးပြုခဲ့သည်။
တကယ်တော့ ထိုကျေးရွာသို့ ကားလမ်းကို အသုံးပြု၍ သွားလို့ရပါသည်။
သို့ပေ့မယ့် ကားလမ်း တနေရာ၌ အကြမ်းဖက်စစ်သားအချို့ ရှိနေတတ်သောကြောင့် ကျွန်တော်သည် ထိုသူတွေနှင့် မတွေ့ရန် တောလမ်းမှ ရှောင်ကွင်းသွားခြင်း ဖြစ်သည်။
ကျွန်တော် သွားရောက်ခဲ့သည့် တောလမ်းတနေရာ၌ သဘာဝရေအိုင်တစ်ခုကို တွေ့မြင်ခဲ့ရသည်။
လွန်ခဲ့သော ရက်သတ္တပတ်အတွင်း ရွာချခဲ့သော မိုးရေများ စုမိနေသော ရေအိုင် ဖြစ်ပါသည်။
ထိုရေအိုင် နဘေး၌ သစ်ပင်များ ပေါက်နေကြသည်ဖြစ်ရာ ရေမျက်နှာပြင်၌ အလင်းပြန်ပုံရိပ်များ ကျရောက်နေကြသည်။
သို့ဖြစ်၍ ကျွန်တော်သည် ဆိုင်ကယ်ကို ရပ်နားကာ phone camera ကို ဖွင့်ပြီး ဓာတ်ပုံများရိုက်ယူခဲ့ပါသည်။
ဒါကြောင့်သာပဲ ယခုတစ်ပတ် Reflection Hunters Contest မှာ ကျွန်တော် ပါဝင်နိုင်ခြင်း ဖြစ်ပါသည်။
You received an upvote ecency