My Entry For Reflection Hunters Contest SMARP
Hello friends.
Today, let me show you the beauty of lotus flowers.
The natural beauty of lotus flowers.

There is an old Burmese saying:
Ready for the pond, ready for the lotus flower
" When you go to do something, you find yourself ready to succeed in your task." This saying means that when you arrive at a place, you are ready to do it.

Only a pond is beautiful when it has lotus flowers.
This saying means that the pond inside the temple in the past was beautiful when it had lotus flowers blooming.

The lotus flowers I am showing now are from the pond inside the monastery.
The reflection of the lotus flowers is small, but the reflection of the Areca palm is clearly visible.
So today I am sharing the photos of the lotus flowers in the pond for the Reflection Hunters Contest.

မင်္ဂလာပါ မိတ်ဆွေတို့ရေ။
ဒီနေ့ ကြာပန်းလေးတွေ၏ အလှကို ဖော်ပြပါရစေ။
ကြာညိုပန်းလေးတွေ သဘာဝအလှပေါ့။

မြန်မာတို့၏ ရှေးရိုးဆိုစကားအချို့ ရှိပါသည်။
ရေကန်အသင့် ကြာအသင့်။
ဒီစကားကတော့ တစ်စုံတစ်ခုလုပ်ဆောင်ရန် သွားရာတွင် ရောက်ရှ်သည့်နေရာ၌ မိမိလုပ်ဆောင်စရာအတွက် အောင်မြင်ပြီးမြောက်စေရန် အဆင်သင့်တွေ့ရှိရပုံကို ဆိုလိုပါသည်။
ရေကန်သာ ကြာရှိမှ တင့်တယ်။
ဒီစကားကတော့ ရှေးက ဘုရားကျောင်းအတွင်းရှိ ရေကန်၌ ကြာပန်းလေးတွေ ပွင့်ဝေနေမှ လှပတင့်တယ်သည်ဟု ဆိုလိုခြင်း ဖြစ်သည်။
ယခု ကျွန်တော် ဖော်ပြသည့် ကြာပန်းလေးများသည် ဘုန်းကြီးကျောင်းအတွင်းရှိ ရေကန် ထဲမှ ဖြစ်ပါသည်။
ကြာပန်း ကြာဖူးတွေ၏ အလင်းပြန်ပုံရိပ်က သေးပေမယ့် ကွမ်းသီးပင်များ၏ အလင်းပြန်ပုံရိပ်ကိုတော့ ထင်ရှားစွာ မြင်တွေ့ရပါမည်။
သို့ဖြစ်၍ ဒီနေ့ ရေကန်သာ ထဲက ကြာပန်းပုံများကို Reflection Hunters Contest အတွက် မျှဝေပေးလိုက်ပါသည်။
Thank you!