My Entry For Reflection Hunters Contest SMARP

Hello friends.

The new weekly Shadow Hunters Contest and Reflection Hunters Contest SMARP have arrived.
So let's try to show some reflections.

I was cycling on a country road this morning.
I took my phone with me on the bike ride so that I could take a picture if I saw the view I needed.

The natural ponds along the forest roads have dried up.
Where there is still some water, I can see some birds.
The birds wait to pick up fish and insects from the watery areas to eat.

When I see such a scene, I usually turn on my phone camera and take a picture.
However, since I can't get close to the bird, I have to take pictures with my phone camera from a distance, so I can only see a small reflection of the bird and the light.

မင်္ဂလာပါ မိတ်ဆွေတို့ရေ။

Shadow Hunters Contest ပြီးတော့ Reflection Hunters Contest SMARP အပတ်စဉ်သစ် ရောက်လာခဲ့ပါပြီ။
ဒီတော့လည်း အလင်းပြန်ပုံရိပ်လေးတွေ ဖော်ပြနိုင်ရန် ကြိုးစားရပါတယ်။

ကျွန်တော် မနက်ခင်းမှာ ကျေးလက်တောလမ်း၌ စက်ဘီးစီးဖြစ်ခဲ့ပါတယ်။
စက်ဘီးစီးသွားရာ၌ ကျွန်တော် Phone ကို ယူဆောင်သွားခဲ့ပါတယ်။
သို့မှသာ ကျွန်တော် လိုအပ်သော ရှုမြင်ကွင်းကို တွေ့မြင်ရပါလျှင် ဓာတ်ပုံရိုက်ယူနိုင်ပါမည်။

တောလမ်းဘေး၌ တွေ့မြင်ရသော သဘာဝမိုးရေအိုင်များသည် ရေခမ်းခြောက်နေပါပြီ။
ရေအနည်းငယ် ကျန်ရှိနေသော နေရာ၌ ငှက်အချို့ကို တွေ့မြင်ရတတ်ပါသည်။
ငှက်များသည် ရေဝပ်ရာနေရာထဲမှ ငါး နှင့် ပိုးမွှားများကို ကောက်ယူစားရန် စောင့်နေတတ်ကြသည်။

ထိုသို့သော မြင်ကွင်းမျိုးကို မြင်ရသောအခါ ကျွန်တော်သည် Phone Camera ကို ဖွင့်၍ ဓာတ်ပုံရိုက်ယူတတ်ပါသည်။
သို့သော်လည်း ငှက်၏ အနီးသို့ ကပ်၍ မရသောကြောင့် အဝေးမှသာ Phone Camera ဖြင့် ဓာတ်ပုံရိုက်ယူရသည်ဖြစ်သောကြောင့် ငှက်နှင့်အလင်းပြန်ပုံရိပ်ကို သေးငယ်စွာပဲ မြင်တွေ့ရပါသည်။



0
0
0.000
3 comments