My Entry For Reflection Hunters Contest SMARP

Hello friends.

I went to Mandalay to buy some necessary things.
When I arrived in Mandalay, I usually went to Maha Myat Muni Pagoda.
As a Buddhist, I usually go to pay homage to the most important pagoda in Mandalay.

Last night, it rained a little in the village where I live.
It didn't rain enough to wet the ground.
However, I saw some puddles of rain near the Maha Myat Muni Pagoda in Mandalay.

I left my motorcycle at the place where I had parked it and went to visit the Buddha.
I saw reflections in the rain puddles on the road, so I turned on my phone camera and took a picture.
After that, I worshipped the Buddha and made a donation to gain merit.

Because of that, I was able to get a job, earn merit, and even get a photo to display in the Shadow Hunters Community.

မင်္ဂလာပါ မိတ်ဆွေတို့ရေ။

ကျွန်တော်သည် လိုအပ်သော ပစ္စည်းများ ဝယ်ယူရန် မန္တလေးမြို့ သွားရောက်ဖြစ်ခဲ့ပါသည်။
မန္တလေးမြို့ ရောက်သည့်အခါ ကျွန်တော် ဝင်ရောက်လေ့ရှိသည်က မဟာမြတ်မုနိဘုရားကြီး ဖြစ်ပါသည်။
ကျွန်တော်က ဗုဒ္ဓဘာသာဝင်တစ်ဦး ဖြစ်လေတော့ မန္တလေးမြို့၏ အထင်ကရ ဘုရားကြီးကို ဖူးမြော်ရန် ဝင်ရောက်လေ့ရှိခြင်း ဖြစ်သည်။

မနေ့ညက ကျွန်တော် နေထိုင်သည့် ကျေးရွာမှာတော့ မိုးအနည်းငယ် ကျခဲ့ပါသည်။
မြေပြင်များ ရေစိုနေအောင်တော့ မိုးမရွာခဲ့ပါ။
သို့သော် မန္တလေးမြို့ မဟာမြတ်မုနိဘုရားကြီး အနီးမှာတော့ မိုးရေအိုင်အချို့ကို တွေ့မြင်ခဲ့ရသည်။

ကျွန်တော်လည်း ဆိုင်ကယ်ကို အပ်နှံသည့်နေရာ၌ ထားခဲ့ပြီး ဘုရားဖူးရန် သွားခဲ့သည်။
လမ်း၌ မိုးရေအိုင်ထဲက အလင်းပြန်ပုံရိပ်များကို မြင်တွေ့ခဲ့ရသောကြောင့် Phone Camera ဖွင့်ကာ ဓာတ်ပုံရိုက်ယူခဲ့ပါသည်။
ထိုနောက်တော့ ကုသိုလ်ရရန် ဘုရားဝတ်ပြုပြီး အလှူဒါနပြုခဲ့ပါသည်။

ဒါကြောင့်သာပဲ ကျွန်တော်သည် အလုပ်ကိစ္စလည်း အဆင်ပြေ၊ ကုသိုလ်လည်းရ၊ Shadow Hunters Community ၌ ဖော်ပြရန် ဓာတ်ပုံလည်း ရရှိခဲ့သည်။



0
0
0.000
0 comments