Let's Eat Fried Sweet Potato and Water-cress
Hello friends.
Today's topic is called Let's Eat Fried Food.

The other day I bought some sweet potatoes in town.
I usually eat them boiled.
Sometimes I also eat them roasted.
Sweet potatoes have a sweet taste.
Today I thought of making sweet potato fries, which I have never made before.
I actually didn't have many sweet potatoes to boil, so I came up with a new recipe.

So, I peeled the sweet potatoes and cut them into small pieces.
I made a batter to hold the sweet potato pieces together and to make them taste better. I
mixed the batter with rice flour, eggs, salt, and sugar.

Then, I added peanut oil to a pan, heated it up, and added the breaded sweet potato wedges and fried them.
There is a pond near the house.
There are many water-cress leaves growing near the pond.
We picked the water-cress leaves and washed them with water.
Then we mixed them with the batter and fried the water-cress leaves.
In fact, people don't eat fried water-cress leaves like this very often.

That's why I ate sweet potatoes and water-cress leaves in an unusual way.
The fried sweet potatoes were sweet and the fried water-cress leaves were crispy and delicious. To make it even more delicious, I ate the fried sweet potatoes with sauce.
The sauces were made with ripe tamarind pulp, green chilies, mint, salt, sugar, and water.

Now, friends, have you ever tried making and eating like us? We have a new food menu, so why not try making and eating it?
မင်္ဂလာပါ မိတ်ဆွေတို့ရေ။
ဒီနေ့ အကြောင်းအရာကို အကြော် စားရအောင် ဟု အမည်ပေးလိုက်ပါသည်။
ဟိုတနေ့က မြို့မှ ကန်စွန်းဥ ဝယ်ခဲ့သည်။
များသောအားဖြင့် ကန်စွန်းဥကို ပြုတ်၍ စားတတ်ကြပါတယ်။
တခါတလေလည်း ကန်စွန်းဥကို မီးဖုတ်ကာ စားတတ်ကြပါတယ်။
ကန်စွန်းဥသည် ချိုသောအရသာ ရှိပါတယ်။
ဒီနေ့တော့ တစ်ကြိမ်တစ်ခါမှ ပြုလုပ်ကာ မစားဖူးသေးသော ကန်စွန်းဥကြော် ကြော်စားရန် စိတ်ကူးခဲ့ပါတယ်။
တကယ်က ပြုတ်ပြီး စားရန် ကန်စွန်းဥ များများ မရှိတော့သောကြောင့် တစ်မျိုး ကြံစည်လိုက်ခြင်း ဖြစ်ပါတယ်။
သို့ဖြစ်၍ ကန်စွန်းဥ ကို အခွံသင်ကာ အစိတ်လေးတွေ စိတ်ပိုင်းခဲ့ပါတယ်။
ကန်စွန်းဥအစိတ်လေးများကို တွဲစပ်ရန် နှင့် အရသာပိုမိုကောင်းစေရန် မုန့်အနှစ် ပြုလုပ်ခဲ့ပါတယ်။
မုန့်အနှစ်ကို ဆန်မှုန့်၊ ကြက်ဥ၊ ဆား နှင့် သကြား ဖြင့် ဖျော်စပ်ခဲ့ပါတယ်။
ထိုနောက်တော့ ဒယ်အိုး ထဲ မြေပဲဆီ ထည့်ကာ အပူပေးပြီး မုန့်အနှစ်သုပ်လူးထားသော ကန်စွန်းဥစိတ်များကို ထည့်ကာ ကြော်ခဲ့ပါတယ်။
အိမ် အနီး၌ ရေကန် ရှိပါတယ်။
ထိုရေကန် နဘေး၌ ကန်စွန်းရွက်ပင်များ များစွာ ပေါက်နေကြပါတယ်။
၎င်းကန်စွန်းရွက်များကို ခူးယူကာ ရေဖြင့် ဆေးကြောထားပါတယ်။
ပြီးတော့ ခုဏက မုန့်အနှစ်ဖြင့် တွဲစပ်ကာ ကန်စွန်းရွက်များကို ကြော်ခဲ့ပါတယ်။
တကယ်တော့ ယခုကဲ့သို့ ကန်စွန်းရွက်ကို ကြော်စားကြခြင်း သိပ်မရှိကြပါဘူး။
ဒါကြောင့်သာပဲ စားလေ့စားထမရှိတဲ့ နည်းဖြင့် ကန်စွန်းဥ နှင့် ကန်စွန်းရွက်ကို ကြော်ကာ စားဖြစ်ခဲ့ခြင်း ဖြစ်ပါတယ်။
ကန်စွန်းဥကြော်က ချိုပြီး ကန်စွန်းရွက်ကြော် ကြွပ်ရွကာ စားကောင်းပါတယ်။
ပိုပြီး စားကောင်းစေရန် အကြော်တွေကို အချဉ်ရည် ဖြင့် တွဲကာ စားခဲ့ကြပါတယ်။
အချဉ်ရည်ကိုတော့ မန်ကျည်းသီးမှည့်အနှစ်၊ ငရုတ်သီးစိမ်း၊ ပူစီနံ၊ ဆား၊ သကြား နှင့် ရေ တို့ဖြင့် ဖျော်စပ်ထားပါတယ်။
ကဲ မိတ်ဆွေတို့ရော ကျွန်တော်တို့ကဲ့သို့ ပြုလုပ်ကာ စားဖူးကြပါသလား။
Food Menu အသစ်လေးမို့ လုပ်စားကြည့်ကြပါလား။
စားဖူးပေါင် 😁
!LOLZ
!MEME
ကြော်စားကြည့်ပါဆို