Guest visiting My house : The Crow
Hello friends.
Yesterday, I posted about the hanging of the letter and the sparrows coming to eat the rice grains in the HIVE-MYANMAR Community in Burmese only.
Last month, I posted about the people who visited my house and the green snake that lived there.
I said I would post about other animals visiting when I was ready.

So today I will introduce the crow.
In fact, crows are not very friendly with humans.
They will suddenly come and fly away when there is food nearby.
However, the crows that visit my house are not afraid of me.
Although there is not much food available for crows to eat at my house, the crows often visit the yard.

While I was using my phone under the palm hut, a crow would come and stand on the fence post nearby.
So I aimed my phone camera at the crow and took a picture.
The crows that came to my yard would not fly away even though I aimed my phone camera at them.

Burmese people believe that if a crow comes and caws in their yard, it means that guests have arrived.
My wife also says that if she hears a crow caw, a guest who will give her gold and silver will come.
What do you think about the sound of a crow caw?
မင်္ဂလာပါ မိတ်ဆွေတို့ရေ။
မနေ့က စာအိမ် ချိတ်ဆွဲထားသည့်အကြောင်း နှင့် စာငှက်လေးတွေ လာရောက်ကာ စပါးနှံများကို ကောက်စားကြသည့်အကြောင်းကို HIVE-MYANMAR Community ၌ မြန်မာဘာသာဖြင့်သာ ဖော်ပြခဲ့ပါသည်။
ယခင်လက ကျွန်တော်၏ အိမ်သို့အလည်လာကြသူများနှင့်ပတ်သက်သောအကြောင်းအရာကို မြွေစိမ်း လာရောက်နေထိုင်သည့်အကြောင်း ဖော်ပြခဲ့ဖူးသည်။
အဆင်သင့်လျှင် အခြားသော တိရိစ္ဆာန်များ လာလည်ကြသည့်အကြောင်း ဖော်ပြပေးဦးမည်ဟု စကားဦးဆိုထားဖူးပါသည်။
သို့ဖြစ်၍ ယနေ့မှာတော့ ကျီးငှက် ကို ဖော်ပြပေးလိုက်ပါသည်။
တကယ်တော့ ကျီးငှက်သည် လူနှင့် စိမ်းတတ်ပါတယ်။
လူအနားကို အစာရှိလျှင်သာ ရုတ်တရက် လာပြီး ပျံပြေးတတ်ကြတာပါ။
ဒါပေမယ့် ကျွန်တော့်အိမ်သို့ အလည်လာသည့် ကျီးငှက်တွေကတော့ ကျွန်တော့်ကို မလန့်ကြောက်ကြပါ။
ကျွန်တော့်အိမ်၌ ကျီးငှက် စားတတ်သည့် သားငါး အလွယ် ရှိမနေတတ်ပေမယ့် ကျီးငှက်သည် ခြံဝင်းအတွင်း အလည်လာလေ့ရှိပါတယ်။
ကျွန်တော် ထန်းရွက်တဲ အောက်မှာ Phone အသုံးပြုနေစဉ်မှာလည်း အနီးရှိ ခြံစည်းရိုးတိုင်ပေါ်မှာ ကျီးငှက်သည် လာရောက် နားနေတတ်ပါသည်။
သို့ဖြစ်၍ ကျွန်တော်လည်း ကျီးငှက်ကို Phone camera ဖြင့် ချိန်ရွယ်၍ ဓာတ်ပုံရိုက်ယူထားခဲ့ပါသည်။
ကျွန်တော့်ခြံဝင်းအတွင်း လာရောက်သော ကျီးငှက်ကတော့ ကျွန်တော် phone camera ဖြင့် ချိန်ရွယ်သော်လည်း ပျံမပြေးကြပါ။
မြန်မာလူမျိုးတို့သည် မိမိအိမ်ခြံဝင်း အတွင်း ကျီးငှက် လာရောက်ကာ တွန်မြည်လျှင် ဧည့်သည်လာရောက်တတ်သည်ဟု ယူဆတတ်ကြပါသည်။
ကျွန်တော်၏ ဇနီးသည်လည်း ကျီးငှက် တွန်မြည်သံ ကြားရလျှင် ရွှေငွေပေးမည့် ဧည့်သည် လာပါစေဟု ပြောဆိုတတ်ပါသည်။
သင်ရော ကျီးငှက် တွန်သံနှင့်ပတ်သက်၍ ဘယ်လိုယူဆပါသလဲ။
Congratulations @tin.aung.soe! You have completed the following achievement on the Hive blockchain And have been rewarded with New badge(s)
Your next target is to reach 38000 upvotes.
You can view your badges on your board and compare yourself to others in the Ranking
If you no longer want to receive notifications, reply to this comment with the word
STOPCheck out our last posts:
Thank you 🙏
Go for it @tin.aung.soe! You've got what it takes to reach your new target on Hive.
Thank you 😊