ငလျှင်ရှောင်

Hive Myanmar မိသားစု အားလုံး မင်္ဂလာပါ။မိသားစုတွေ အားလုံး အန္တရာယ်ကင်းရှင်းကြရဲ့လား။ ကျွန်မတို့ မိသားစုကတော့ ဘေးကင်းပါတယ်။ မန္တလေး ငလျှင်ကတော့ အားလုံး သိရှိပြီးဖြစ်ပါတယ်။ ကျွန်မ နေထိုင်တဲ့ ၄ထပ်တိုက် အဆောက်အဦးကလည်း ခိုင်ခန့်မှု မရှိတဲ့အတွက် ​အိမ်ရှေ့ မြေပြင်မှာ အိပ်ရပါတယ်။ ဒါကလည်း ဘယ်နှစ်ရက် ကြာမယ် မသိတော့ အဆင်မပြေတာနဲ့ မန္တလေးနဲ့ နီးတဲ့ ပြင်ဦးလွင်ကို တက်ခဲ့ပါတယ်။

အိမ်ခန်းဌားပြီးသကာလ အခုတော့ မေမြို့မှာ အပူရှောင်နေပါတယ်။ ပန်းမြို့တော် ရောက်ပြီဆိုတော့ ကန်တော်ကြီးဘက် ရောက်ဖြစ်ပါတယ်။ မှတ်တမ်းတင်အဖြစ် ဓာတ်ပုံလေးတွေ ရိုက်ဖြစ်ပါတယ်။ ရိုက်ဖြစ်တာလေးတွေကို မျှဝေပေးလိုက်ပါတယ်။စိတ်အခြေအနေ သိပ်မကောင်းတာကြောင့် စာတွေတော့ ရှည်ရှည်ဝေးဝေးမရေးချင်တော့ပါဘူး။ အားလုံးကို ကျေဇူးတင်ပါတယ်။



0
0
0.000
4 comments