အိမ်မှာအမြဲတွေ့ရသည့် ဖားလေးများ

ဖားဝါလေး နှစ်ကောင်သည် အိမ်ရှိ ရေချိုခန်း အိမ်သာထဲတွင် အမြဲ တွေ့နေရသည်ကို သတိထားမိလာခဲ့သည်။ ထိုဖားဝါနှစ်ကောင်မှာ ခြင်ကောင်လေးများနှင့်အခြား အင်းဆက်ပိုးမွှားလေးများကို ဖမ်းယူစားသောက်ရန် လာရောက်နေခြင်းဖြစ်မည်။ သူတို့ နှစ်ကောင်မှာ လူမြင်လျင် ဘေးရှိ ထရံပေါ်သို့ တက်ပြေးခြင်း၊အတန်းလေးများပေါ်သို့ တက်ပြေးတက်ပါသည်။

နောက် ဖားဝိုင်းတစ်ကောင်မှာ အိပ်ရာ ပေါ်သို့ အမြဲတက်နေတက်သည်ကို သတိထားမိလာခဲ့ပါသည်။ သူလည်း အစာစားရန် စောင့်ဆိုင်းရန် တက်ရောက် နေခြင်းဖြစ်မည်။ဖားတို့မည်သည် မြွေတို့ရန်ကိုလည်း ကြောက်သည့်အတွက်ဖြစ်သည်။

ဟိုယခင် ငလျှင် ငလှုပ်ခင်က တင်ခဲ့ဖူးပါသည်။ စူးဖားများအကြောင်း ဖားများသည် ရာသီဥတု သဘာဝ ဘေးအန္တရယ်များရှိလျင် အပြင်၌ ထွက်နေတက်သည်ဟု ပြောကြသည်။ ယခုအစာရှာနေသည့် ဖား တို့အားကြည့်၍ မည်သို့တွေး‌ရမည် မသိ၍ အစာရှာရုံမျှဖြင့် တွေးတော တင်ပြလိုက်ရပါသည်။



0
0
0.000
1 comments