ရွာအဝင် ရှားစောင်းပင်နှင့်။

avatar

img_0.7621092795142147.jpg

နေညိုချိန် တိမ်တောက်တဲ့အခါ
ရွာလမ်းနဘေးမှာ။ ဆိုသလို ရွာရဲ့ ညနေ
နေဝင်ချိန်လေးက လွမ်းမောဖွယ်ရာ။
ညနေ နေဝင်ချိန် အပင်များကြား
နေလုံးကြီးဝင်သွားသည်ကို မြင်ရသည့်ခဏ
လွမ်းမိသည်။

ညနေ နေရီရီအချိန်က လှသည်။ မနက်ခင်း
နေထွက်ချိန်သည်လည်း မင်္ဂလာရှိစွာ သာယာနေ
ပြန်သည်။ ညနေနှင့် မနက်ခင်းတို့က
တမျိုးစီ လှပပေသည်။ ကိုယ်တွေရောက်ခဲ့သော
ရွာ၏ ညနေ နေဝင်ချိန်အလှကို ခဏ
ငေးမောမိခဲ့သည်။

ရွာထိပ်မှာရှိသော ဘုန်းကြီးကျောင်း၏
အုတ်တံတိုင်းများက ရွာများ၏ သရုပ်ကို
ပုံဖော်ထားသည်။ ထိုသို့သော ဘုန်းကြီးကျောင်း
နှင့် ဘုရားအုတ်တံတိုင်းများက မြန်မာပြည်
အရပ်ရပ်မှာရှိသော ဒေသများတွင် မရိုးသော
တွေ့မြင်ခြင်းဖြစ်သည်။

မြန်မာပြည်အလယ်ပိုင်း ဒေသများ၏
နေရာမရွေးပေါက်သော အပင်များဖြစ်သည့်
ထနောင်း၊ တမာနှင့် မန်းကျီးအပြင် ခြံစည်းရိုး
အဖြစ်မြင်တွေ့ရသော ရှားစောင်းပင်များကို
လည်းတွေ့မြင်ရသည်။

ထိုရှားစောင်းပင်များက အမျိုးပေါင်း မည်မျှ
ရှိသည်မသိပေ။ အပူပိုင်းဒေသ ကျေးရွားများ
မှာ အမြဲတွေ့မြင်ရသည်။ ထို ရှားစောင်းပင်များကို
တွေ့မြင်ရတိုင်း ငယ်စဉ်က အတွေးတခု ဖြစ်
ပေါ်သည်။ ထိုအပင်တို့ ပေါက်ရာအရပ်က
ဖုံထူသည်။ ပူသည်။ ထိုအပင်ကို မြင်ရတိုင်း
ခြောက်သွေ့မှုတခု၏ ခံစားချက်ကို ရသည်။

ယခု အသက်အရွယ်ရောက်လာသောအခါ
ထိုရှားစောင်းပင်များကို အမှတ်တရ တကူးတက
ဖုန်းဖြင့် မှတ်တမ်းတင်မိသည်။ မသိစိတ်က
ထိုအပင်များကို သံယောဇဉ်ဖြစ်မိသည်။
အညာနွေ၊ ဖုန်ထူလမ်း၊ တမာတန်းနှင့်
ရှားစောင်းပင်တို့က အညာဒေသ၏ အမှတ်
အသားများဖြစ်နေသောကြောင့်ပင်
ဖြစ်ပေမည်။

@htwegyi
16-5-2823



0
0
0.000
5 comments