ရှိပါစေတော့။

avatar

img_0.7621092795142147.jpg

ယခုနှစ်အတွက် ခြံဘေးမှ သရက်ပင်ကြီးက
အဖူးတွေ စောစီးစွာဖူးပွင့်နေသည်။
စောစောစီးစီး သရက်ကင်းများ စားရတော့မည်ဟု
စိတ်ကူးနဲ့ပျော်နေသည်။ မှန်ပါသည် ကိုယ်တွေ
ခြံနီးချင်းများ၏ သရက်ပင်များက မဖူးကြ
သေးပေ။ ကိုယ်ခြံအနီးမှ သရက်ပင်ကြီးကသာ
ဦးစွာ ဖူးပွင့်နေ၍ စိတ်ကူးကောင်းနေခဲ့သည်။

အခြား သရက်ပက်တို့က တပင်လုံးမှ
သရက်ပွင့် သရက်ဖူးတို့က တခု နှစ်ခုသာ
မြင်ရသည်။ သို့ပေသိ ကိုယ်ခြံ အနီးမှ
သရက်ပင်ကြီးသည်လည်း ယခင်နှစ်
ကလောက်တော့အဖူးအပွင့်က မများပေ။
အချို့ သရက်ပင်များကမူ ယခုထိ အဖူး
အပွင့် မမြင်ရ မတွေ့ရသေးပေ။

ဆိုတော့ ယခုနှစ် ကိုယ်တွေအရပ်မှ သရက်ပင်တို့
အသီးနည်းကြပေမည်လား မပြောတတ်ပေ။
သရက်အဖူး အပွင့်များကို ကိုယ်တွေက
အရိပ်တကြည့်ကြည့်ရှိနေစဉ် ကိုယ်ရွှေရှဉ့်တို့က
သရက်ဖူး အပွင့်တို့အား ကိုက်ဖြတ် ဖျက်ဆီး
ကြပေသည်။ ယခုနှစ် သရက်ဖူး အပွင့်နည်းပါ
သည်ဆိုမှ ရှဉ့်ငပေါတို့က ကိုက်ဖြတ်၍
စိတ်ဆိုးရသည်။

သရက်သီး သီးပါရင် ဒင်းတို့စားပြီးမှသာ
ကိုယ်တွေစားရသည်။ ယခု အသီးပင် မသီးသေး
ကိုက်ဖြတ်နေ၍ ရှဉ့်တို့အား လိုက်လံခြောက်
ပြီးမောင်းရသည်။ လိုက်ပြီး မောင်းလည်း
မောင်းသည့်ခဏသာ။ သီးသမျှ ကျန်သမျှသာ
ကမ္မသကာရှိစေတော့ဟု အောင်းမေ့ရ ပေတော့
မည်။

@htwegyi
20-12-2022



0
0
0.000
12 comments
avatar

ရှဉ့်နှင်အပြိုင် လုစားဖို့ ချောင်းနေရတယ်လား
!LUV
!MEME

0
0
0.000
avatar

အဲ့သလိုဖြစ်သွားတယ်။

0
0
0.000
avatar

ရှဉ့်ကျန်မှစား

0
0
0.000