ရှိ သ ပ။

ညတရေးနိုး လမင်းကြီး သာတော့မှ
အင်း လပြည့်သွားပါရောလား။ ဝါလကင်းလွတ်
သီးတင်းကျွတ်ပြီးသွားပါရော။ ည ဦးက
အိုက်သလိုလို ဖြစ်သည်။ ညနက်မှာတော့
အအေးက မသိမသာ ဝင်လာသည်။
ဒီအချိန် ဂရုစိုက်ရပေမည်။ ညအိပ်ရာဝင်ချိန်
စောင်ပါးလေးတထည် ဘေးထားအိပ်ရသည်။

စောင်ပါးလေးတတထည် ဘေးထားအိပ်သော်လည်း
သန်းခေါင်ကျော်တော့ အေးသည်ကို
စောင်ကိုပင် ယူခြုံရမှာ ပျင်းသည်။ သို့နှင့်
ကိုယ့်ပုဆိုးနှင့်ကိုယ် ကွေးသည်။ ကွေးလိုရသမျှ
ကွေးသည် မရသည့်အဆုံးမှ အပေါ့အပါးသွား
ပြီး စောင်ထခြုံသည်။ ကိုယ်တွေက အဲ့ဂလို။

မကြီးပွား၊ မချမ်းသာတာလည်း မပြောနဲ့။
အပျင်းကလည်းကြီးသေး၊ အကောင်းကလည်း
ကြိုက်သေး။ သို့ပေသိ ဂလိုဟာမျိုးက ကိုယ်
တယောက်ထဲလားဆိုတော့ မဟုတ်။ ကိုယ့်လို
လူမျိုးတွေ ရှိပေမည်။ သို့ကြောင့် မြန်မာပြည်မှာ
နေခြင်းဖြစ်သည်။

ကိုယ်တွေသာပျင်းသလားဆိုတော့ ဟုတ်ပေါင်။
ကိုယ့်မိတ်ဆွေသည်ပင် ပျင်းတာရှိသေး။
ဒါကြောင့် မိတ်ဆွေဖြစ်ကြတာ။ သူပျင်းတာက
ဒီလို။ တလောက ထိုမိတ်ဆွေ နေပြည်တော်
သွားသည်။ သူ့ တူမများက မအလတည်သော
ဘုရားကြီးနားနေသည်။

တူမများက ရောက်တုန်း ဘုရားကြီးကို
လိုက်ပြသည်။ မိတ်ဆွေလည်း သွားကြည့်
သည်။ လူဝင်ခ မပေးရ ဖုန်းတလုံး တထောင်
ပေးရသည်။ နေက ပူပြင်းလှသည်။
ဘုရားကြီးသွားဖူးဖို့ အတော်ဝေးဝေးလျှောက်ရမည်။
ဒီတော့ မိတ်ဆွေက။

"တော်ပြီ မသွားတော့ဘူး၊ နေကပူသေး။
သွားရမှာ က ဝေးသေး။ နေပါစေ ပျင်းသဟေ့
အိမ်က ဘုရားပဲ ဖူးတော့မယ်"

ဟုပြောသည်။ ကဲ ကိုယ်လိုလူတွေ ရှိပါတယ်ဆို။

@htwegyi
October 31, 2023



0
0
0.000
1 comments