ဝါဆို အလှူပွဲ။

မနေ့က မြို့ထဲရောက်ခဲ့သည်။ မြို့ထဲ ဆိုပေသိ
ဘုရားကြီးအရှေ့မုခ်ရှိ အာနန္ဒာဘုရားသို့
ရောက်ခဲ့သည်။ တနှစ်တခေါက်တော့
အာနန္ဒာဘုရားသို့ ရောက်ရှိကာဖူးမျှော်ခွင့်
ရသည်။ ဝါဆိုလပြည့်ကျော် တရက်နေ့
ရောက်တိုင်း အာနန္ဒာဘုရား အနီးရှိ ဘုန်းကြီး
ကျောင်းသို့ ရောက်သည်။ ထိုမှတဆင့်
အာနန္ဒာဘုရားကို ဖူးမျှော်ရခြင်းဖြစ်သည်။

ဝါဆိုလပြည့်ကျော်တရက်နေ့ရောက်တိုင်း
မန္တလေးရှိဘုန်းကြီးကျောင်းများက ကျွေးမွေး
လှူဒါန်းကြသည်။ ဘုရားကြီးအရှေ့ အာနန္ဒာဘုရား
အနီးတွင် အစ်ကိုဝမ်းကွဲဦးဇင်း၏ ကျောင်းရှိသည်။
ဦးဇင်းသည် တရားဟောကောင်းသူဖြစ်၍
လှူဒါန်းသည့် ဒကာ၊ ဒါယိကာမများ ပေါသည်။
ထိုကြောင့် နှစ်စဥ်ဝါဆိုလတိုင်းမှာ ကျွေးမွေးသည်။

ယခုနှစ်တွင် ကုန်ဈေးနှုန်းများ ဈေးတက်သဖြင့်
ဝါဆိုအကျွေးအမွေး မပြုလုပ်နိုင်ဟု ထင်မိသည်။
ကိုယ်တွေသာ ရှားပါးသည် ပေါသည့်သူတို့က
ပေါများသည်။ ဦးဇင်း၏ဝါဆိုအလှူပွဲကို နှစ်စဉ်
သွားကြရသည်။ သို့မှသာ ဆွေမျိုးများကို
တွေ့ရသည်ဟု အမေကပြောသည်။

ယခုနှစ်တွင် ဦးဇင်း ကျွေးမွေးသည်က
မုန့်ဟင်းခါး၊ ဆနွင်းမကင်း၊ လက်ဖက်၊
နာနတ်သီးနှင့် စမူဆာကြော်များဖြစ်သည်။
ကျွန်တော်တို့ ရောက်သည့်အချိန်က ဆယ့်တစ်နာရီ
ကျော်ဖြစ်သည်။ နောက်ကျ၍ ကော်ပြန့်ကြော်
များပင်ကုန်သဖြင့် စမူဆာထပ်မံကြော်ရကြောင်း
ပြောသည်။ ကျွန်တော်သည် စားသောက်ပြီး၍
ဦးဇင်းကို လှူစရာများလှူသည်။ ထိုနောက်
အာနန္ဒာဘုရားကိုတပတ် ပတ်ကာဖုန်းဖြင့်
ဓာတ်ပုံရိုက်ခဲ့သည်။


အာနန္ဒာဘုရား အတွင်းရှိ အကြွေစေ့ထည့်၍ တီးလုံးနှင့်
အရုပ်များလှုပ်ရှားမှုကို ကြည့်ရသည့် ပုံး။

ယခုနှစ်တွင် ဒညင်းသီးအုန်းနို့ဆမ်းမပါပေ။
နှစ်စဉ် မုန့်ဟင်းခါးနှင့် ဒညင်းသီးအုန်းနို့ဆမ်းက
ပင်တိုင်ဖြစ်သည်။ ဒညင်းသီးထွက်ရာ ဒေသများက
မအေးချမ်းရှာ၍ ဦဇင်းဒကာမများက မပို့ပေး
နိုင်ကြပေ။ ဒညင်းသီး မပို့နိုင်သည့်အပြင်
အချို့ ဒကာ၊ ဒကာမများက ဘုန်းကြီးကျောင်း၌ ‌
လာရောက် စစ်ဘေးရှောင်တိမ်နေကြရသည်။


အာနန္ဒာဘုရားအတွင်း ဝါဆိုပွဲသို့ လာကြသူများ။

ယခုနှစ်တွင် ဦးဇင်း၏ မုန့်ဟင်းခါးများက
စောစီးစွာ ကုန်လေသည်။ ယခင်နှစ်များကမူ
နေ့ခင်း နှစ်နာရီ၊ သုံးနာရီအထိ ကျွေးရသည်။
ကျွန်တော်တို့ စားသောက်ပြီးသည့်အပြင်
အိမ်ကိုပါ ပါဆယ်ထုပ်ယူကြရသည်။
ယခုနှစ်က လာရောက် စားသောက်သူ
အတော်များသည်။ ဘုန်ကြီးကျောင်းများမှာ
စစ်ဘေးရှောင်သူများကလည်း များပြားသည်။
ထိုကြောင့် ယခုနှစ်က စောစီးစွာ အကျွေးအမွေ
ပြီးသွားသည်။

@htwegyi
July 22, 2024



0
0
0.000
4 comments
avatar

@htwegyi, the HiQ Smart Bot has recognized your request (1/1) and will start the voting trail.

In addition, @htwegyi gets !LOOL from @hiq.redaktion.

For further questions, check out https://hiq-hive.com or join our Discord. And don't forget to vote HiQs fucking Witness! 😻

0
0
0.000
avatar

Congratulations @htwegyi! You have completed the following achievement on the Hive blockchain And have been rewarded with New badge(s)

You distributed more than 23000 upvotes.
Your next target is to reach 24000 upvotes.

You can view your badges on your board and compare yourself to others in the Ranking
If you no longer want to receive notifications, reply to this comment with the word STOP

0
0
0.000