တွေ့ရ ကြုံရ ဘုံဘဝ။

avatar

img_0.7621092795142147.jpg

မနေ့က အိမ်ရှေ့မှာ ဈေးသည်တဦးလာသည်။
အမက ဈေးသည်ကိုခေါ်၍ ရောင်းဝယ်နေသည်။
ရောင်းသည်က ဆံပင်ကျွတ်များကို ရောင်း
ခြင်းဖြစ်သည်။ ထိုဈေးသည်က ဆံပင်ကျွတ်
ဝယ်သည့်အပြင် ဆနွင်းမှုန်ပါရောင်းသည်။
အုန်းဆီလည်းရောင်းသည်။ အမက ဆံပင်
ကျွတ်တကျပ်သား နှစ်ထောင့်သုံးရာရသည်။
ရောင်းရင် ပြောသေးသည်။

"ခါတိုင်းဆို တကျပ်သား နှစ်ထောင့်ငါးရာ
ရတယ်။ ညည်းက ကလေးနဲ့မို့ရောင်းလိုက်ထာ။
ဆနွင်းမှုန့် ငါးရာဖိုးနဲ့ အုန်းဆီတထောင်ဖိုးပေး"

ဈေးသည်နှင့်အမ ရောင်းဝယ်နေစဉ်
ကျွန်တော်က အမိအရ ဓာတ်ဖမ်းရသည်။
ဈေးသည် မသိအောင် ဓာတ်ဖမ်းရသည်။
အမဝယ်သည့် ဈေးသည်က ထူးခြားသည်။
ထူးခြားဆို ဈေးရောင်းရာ ကလေးကို ခေါ်လာသည်။
ကလေးကို သူဈေးရောင်းသည့် စက်ဘီး
နောက် ကယ်ရီယာမှာ တင်၍ခေါ်ခဲ့သည်။

ထိုကယ်ရီယာခုံပေါ်တွင် အသားချောင်း
နှစ်ချောင်းကို ကြေးနန်းကြိုးဖြင့်တုတ်ကာ
အောက်မှခံထားသည်။ အပေါ်မှာတော့
ဖျော်ရည်ကန် ပလပ်စတစ်ခြင်းကို ချည်နှောင်း
ထားသည်။ ထိုပလပ်စတစ်ခြင်းကန်ထဲမှာ
ကလေးက ဂျုံဦးထုပ်ဆောင်၍ ငုတ်တုတ်
လေးလိုက်ပါလာသည်။ ကလေးက သုံးနှစ်သား
ခန့်ရှိပေမည်။

စက်ဘီးနောက် ပလပ်စတစ်ကန်ထဲမှ
ကလေးကို ကျွန်တော်က စနောက်သည်။
သူကလည်းပြန်၍ စသည်။ ချစ်ရာ ညိုညို
ဖောင်ဖောင်လေးဖြစ်သည်။ အိမ်မှာ
ထိမ်းမည်သူ မရှိလို့လားဟုမေးရာ

"ရှိတယ် သူက လိုက်ချင်တယ်ဆိုလို့
ခေါ်လာတာ။ ကျမက ဈေးမရောင်းတဲ့နေ့ဆို
သူက အမေ ဈေးရောင်းမထွက်ဘူးလား
မေးတောင်နေတယ်။ သူ့အဖေကလည်း
ဂက်စ်မီးထဲ့၊ ဓားသွေး ကတ်ကြေးသွေး
သွားရတာလေ"

ဈေးသည် သားအမိက ပြောဆို ဈေးရောင်းပြီး
ထွက်သွားကြသည်။ သားဖြစ်သူက စက်ဘီး
အနောက်မှ မုန့်စားရင်း လိုက်ပါသွားလေသည်။
ကလေးက ကျွန်တော်တို့ကို လက်ကလေးပြ
ကာ နှုတ်ဆက်သွားသည်။

@htwegyi
17-12-2022



0
0
0.000
14 comments
avatar

!lolz !meme !pizza !luv

0
0
0.000
avatar
(Edited)

🍕 PIZZA !

I gifted $PIZZA slices here:
walarhein tipped htwegyi (x1)
@uthantzin(5/10) tipped @htwegyi (x1)
golden.future tipped htwegyi (x1)

Send $PIZZA tips in Discord via tip.cc!

0
0
0.000
avatar

မိခင်မျက်စိ​ရှေ့ထားတာ​ကောင်းပါတယ်
က​လေးသူခိုး​တွေက ​သောင်းကျန်းတာနဲ့
!hiqvote
!LOLZ

0
0
0.000
avatar

ခေတ်က ကြောက်စရာ သတိ တချက် မလစ်လိုက်နဲ့။

0
0
0.000