တကတည်း ကိုယ်ချင်းမစာလိုက်ပုံများ။

ကျမ ဘဝရဲ့ အစက ဘယ်လိုများ စပြီး
ပြောရပါ့။ ဘဝရဲ့အစကတော့ အများအားဖြင့်
သာမန် သူလို ငါလို ဘဝတခုပါလေ။
သို့ပေသိ ထို သူလို ငါလို ဘဝလေးကို
ပိုင်ရှင်ကရောက်ရှိလာသည်။ ကျမရဲ့ ပိုင်ရှင်က
ကျမကို မက်မက်မောမောမရှိခဲ့ပါ။
သူနေချင်သလိုနေသည်။ ကျမကိုလည်း
နေချင်သလိုနေခိုင်းသည်။ ဘယ်လိုပြောရမလဲ
ပေါ့နော်။ ဖရီးလိုက် လွတ်လပ်တဲ့ နေထိုင်မှုပေါ့။
ကျမက အဲ့သလိုဘဝကို သိပ်ကြိုက်တာပေါ့။

လွတ်လပ်တဲ့ ဘဝကို ဘယ်သူမဆို မကြိုက်
ရှိပါ့။ ဘာတဲ့ ဟိုသီချင်း ထဲကလို။

"ဒီအရွယ် တင့်တင့်တို့အရွယ်
ကျမ ကျမ တို့အရွယ်။ တစ်ဆယ်ကျော် ငါးနှစ်
ပတ်လည် ရူးနှမ့်နှမ့် အရွယ်။
အပျို မဒမ် ဆိုမလား။
အပျိုဖြန်းဆိုမလား။
အိပ်ချင်ရင် အိပ်၊ ထချင်မှ ထ။
စိတ်တိုင်းကျနေရရင် ပျော်တယ်"

အဲ့သလို ဘဝမှာ ကျမက မပျော်မည်သို့ ရှိပါ့။
သို့ပေသိပေါ့ တနေ့တော့ ပိုင်ရှင်အသစ်
လက်ထဲ ကျမ ရောက်ခဲ့ပြန်ပေါ့။ ထိုပိုင်ရှင်
အသစ်၌ ကျမထက်ငယ်သူ ကောင်ချောလေး
တကောင်ရှိတယ်။ အမလေး ပျော်တာပေါ့။
ပိုင်ရှင်သစ်၊ နေရာသစ်မှာ ကောင်ချောလေးနဲ့
ဆိုတော့။ ကျမဘဝကြီးက ဟို ဇာတ်ကား
ထဲကလို။ မင်းသားရှားညို သရုပ်ဆောင်ပြီး
ပြောထားတဲ့ စကားလုံးအတိုင်း။ အော်
ခက်ပ ရှင်တို့ကလည်း မသိတော့ဘူလား။
ဦးဖိုးကျားရဲ့ ဝတ္ထုကိုရိုက်ထားတာလေး။

အဲ့ ဇာတ်ကားထဲမှာ မင်းသားရှားညို ပြောထားတာ
ဘာတဲ့ နယူးလိုက်ဖ် ဘဝအသစ် ဘဝအစ
ဆိုတဲ့ စကားလုံး လေ။ အဲ့အတိုင်းပဲ ကျမ
ဘဝကလည်း နယူးလိုင်ဖ် ။ ဘဝက ပျော်စရာ
အရမ်းကောင်းတာပဲ။ ကောင်ချောလေးနဲ
ပျော်ပါးရတာ အမော။ ပိုင်ရှင်အသစ်
ကလည်း အစားအသောက် အလျှံပယ်ကျွေး
ထာနော်။ အော်ပြောရအုံးမယ် အစားအလျှံပယ်
ကျွေးဆို ပိုင်ရှင်အသစ်က ထမင်းရောင်းတာလေ။
ဒီတော့ ကျမတို့အတွက် ရှယ်ပေါ့။

ပျော်လို့ မဆုံး၊ ပြုံးလို့ မဝပြီး ဆိုတဲ့ သီချင်း
လည်းဆိုချင်သေးတာ။ သီချင်းတွေ ဆိုလို့
ပျော်လို့ ဝပြီးသကာလ ကျမမှာ မိန်းမသား
ဆိုတဲ့အတိုင်း အပျော်တွေများပြီး ကျမရဲ့
ဝမ်းဗိုက်က တနေ့တခြား ဝလာပါ‌လေရော။
ထမင်းတွေ အများကြီးစားလို့ ဝတာလား။
မဟုတ်ရပါဘူးတော်။ ကောင်ချောလေးရဲ့
လက်ချက်၊ ကျမရဲ့ စနက်လည်း ပါသပေါ့။
ကျမ ဗိုက်က ဝပြီး ဆူလာသည့်နောက်
ပေါက်စလေး သုံးကောင် ထွက်လာလေသည်။
ကျမရဲ့ ရင်တွင်းဖြစ်လေးတွေက အမနှစ်ကောင်၊
အထီးတကောင်ဖြစ်သည်။

ကိုယ်ရဲ့ ဝမ်းကြားတိုက်က ထွက်လာတဲ့
ဒီပေါက်စလေးသုံးကောင်‌ကို ကျမ ကအရိပ်
တကြည့်ကြည့်ပေါ့။ သူရို့ အဖေ ကောင်ချော
ကတော့ ကျမကလေးတွေရတာနဲ့ ဘယ်သဝေထိုး
သလဲဘမသိဘူး။ သူ့ အရိပ်အရောင်ကို
တခါတရံမှ တွေ့ရတော့တာ။ နေပလေစေ
သူမရှိလည်း ကျမအတွက် ပေါက်စလေးတွေက
ကျမ အဖော်လးတွေဖြစ်‌နေပြီ။ တနေ့ကတော့
ကျမရဲ့ ပေါက်စလေးတွေထဲက အကြီးမကြီး
သံဇကာနဲ့ ခေါင်းငြိပြီး သေသွားပါလေရော။
ကျမမှာ အကြီးမအတွက် ဝမ်းနည်းလွန်လို့
နေစရာမရှိပါဘူး။

ဝမ်းနည်းနေတုန်းရှိသေး။ ကျမတို့ မိသားစုထံကို
အရပ်ပုပု ရုပ်ဆိုးဆိုးလူတဦး ရောက်လာတယ်။
ဘယ်ရမလဲပေါ့နော် ကျမရဲ့ ကလေးတွေကို တခုခု
များလုပ်မလားဆိုပြီး ကျမက ရန်လုပ်ရတာပေါ့။
အဲ့လူက သူလက်ထဲ အပြားလေးနဲ့ ကျမတို့
မိသားစုကို ချိန် ချိန်ပြီး ကြည့်ထာလေး။
ဘာမျှတော့မလုပ်ပါဘူး။ ဒါပေမဲ့ပေါ့နော့။
စိုးရိမ်းတာပေါ့‌လေ။ အဲ့မှာ ကျမရဲ့ ပိုင်ရှင်က
ကျမကို ပြောလိုက်ထာ ရင်ထဲမှာ အရမ်းနာထာလေ။

"ဟဲ့ကောင်မ စောက်ရမ်းဟောင်မနေနဲ့။
နင့်ကလေးတွေကို ဘာမှ မလုပ်ဘူး။
ကောင်မ အသက်ကကြီးနေပြီး၊ ငါ့တို့အိမ်
ရောက်မှ ‌ငါ့တို့ သားနဲ့တွေ့လို့ယောင်္ကျားရတာ။
လင်ငယ်ငယ်ချောချောရလို့ ဂန်ကျယ်မနေနဲ့"

ကြည့်စမ်းပါလေ။ ကျမရဲ့ ပိုင်ရှင်မက ကျမကို
ပြောထာ။ သူတို့အိမ်မရောက်လည်း ကျမမှာ
လင်ကတော့ ရုပ်ချောချော၊ ဆိုးဆိုး၊ အသက်ကြီးကြီး
ရမှာပဲဟာ။ သူ့ပြောပုံက ဟွင့် တကတည်း
အမအချင်းချင်း ကိုယ်ချင်းမစာလိုက်ပုံများ။

@htwegyi
January 27, 2025



0
0
0.000
7 comments
avatar

Congratulations @htwegyi! You have completed the following achievement on the Hive blockchain And have been rewarded with New badge(s)

You got more than 20000 replies.
Your next target is to reach 20500 replies.

You can view your badges on your board and compare yourself to others in the Ranking
If you no longer want to receive notifications, reply to this comment with the word STOP

Check out our last posts:

Hive Power Up Day - February 1st 2025
Distriator Infographic Contest - Win 300 HIVE and a badge!
0
0
0.000