သင်းရနံ့များနဲ့အတူ အငမ်းမရ တမ်းတ။
တနေ့က ရေးတဲ့ မုန့်ပြားသလက် ပိုစ့်ကို
Foodie Community က down vote
လာပေးသွားသည်။ အဘယ်ကြောင့်လဲမသိ။
စာကို အင်္ဂလိပ်စာဖြင့် ရေးသားခြင်းမပြု၍
ဒေါင်းဗုတ်ပေးသလားမသိ။ မည်သို့ဖြစ်စေ
ကိုယ်တွေ ထိုကော်မတီသို့ သွားရောက်ရေးသား
ခြင်းမပြုဖို့ပင်။ ဟို ယခင်ကလည်း down vote
ထိခံရဘူးသည်။ ကိုယ်တွေက မမှတ်တာ။
အမှတ်သည်းခြေ မရှိတာကလား။
ကိုယ်တွေရဲ့ Hive Myanmar Community
မှာ အေးအေးသာသာရေးနေပါရင် အေးအေးသာသာ
ဗုတ်ရနေမည်။ လူဆိုတာကလည်း အခက်သား
မရေးပါနဲ့၊ မလုပ်ပါနဲ့၊ မတင်ပါနဲ့ဆိုမှ တကူးတက
သွားရေးပိုစ့်တင်သည်။ ခက်ပေစွတကား။
ယခုလည်း ပန်းပွင့်ပုံများရိုက်ပြီး Flowers
Community မှာ သွားတင်ရမလားစိတ်ကူး
သည်။
ရှိစေတော့ ဒီတခါတော့ ကိုယ့်မြန်မာကော်မတီမှာသာ
အေးဆေးတင်ရပေတော့မည်။ Hive ဈေးသည်က
နှစ်ပြားသို့ ရောက်ရှိလာသည်။ နှစ်ပြားမှ နှစ်ကျပ်
သို့ရောက်မူ ကောင်းပေစွ။ ကမ္ဘာကြီးနဲ့ မြန်မာပြည်ကြီးက
ဘာဖြစ် ညာဖြစ်နေချိန်မှာ Hive ဈေးသည်
လည်း ဘာဖြစ် ညာဖြစ်နေပေအုံးမည်။
Hive ဈေး ဘာဖြစ် ညာဖြစ်နေပေစေသိ။
ဈေးတော့တက်စေချင်လှပါသည်။ ကမ္ဘာကြီး
လှုပ်သလို သူလည်းလှုပ်ပေါ့။ လှုပ်တော့
လှုပ်သည် အလှုပ်ကြမ်း၍ အပေါ်သို့ မတက်ပဲ
အောက်သာ ပြုတ်ကျနေသည်။ တခါတရံများ
အထက်သို့ စိမ်းကားစွာ တက်ပါတော့လား။
ကိုယ်တွေလည်း Hive ဈေးတက်နိူးဖြင့်
ရေးလာသည်မှာ ငါးဆယ်ကျော် ခြောက်ဆယ်
အတွင်း ငယ်ချစ်ဦးနဲ့ တွေ့သလို အသည်း
မနာနိုင်ပေဘူး။ တဝဲလည်လည်နဲ့ Hive
Platform မှာ ထိုင်လိုက် ထလိုက်ဖြင့်
Green Hive ရထားကြီးကို ဇွဲနပဲကြီးစွာ
စောင့်စားနေဆဲ။
တနေ့မှာတော့ အစီမ်းရောင် ဟိုက်ရထားကြီး
ဆိုက်ရောက်လာပေမပေါ့။ စောင့်နေရသည်က
ကိုယ့် ဘဝတွေပဲဟာ။ ဟိုက်ရထားကြီးကိုစီး။
နန်တော်ရှေ့ အလွမ်းပြေခရီး ဆိုသလို။
Hive ဈေးတက်ပြီး
ပန်းတွေနဲ့အတူ ရနံ့သင်းပျံ့စွာ
စီးမျောချင်ပါသေးတယ်။
ပန်းရနံ့တွေသင်းတဲ့
လမ်းအလွင့်မှာ
ရင်ခုန်စွာ စီးရင်း
ဟိုးအဝေးက
ရောင်နီကို
အငမ်းမရ တမ်းတခြင်းဖြင့် ....။
@htwegyi
October 19, 2024
!hiqvote
@htwegyi, the HiQ Smart Bot has recognized your request (1/1) and will start the voting trail.
In addition, @htwegyi gets !PIZZA from @hiq.redaktion.
For further questions, check out https://hiq-hive.com or join our Discord. And don't forget to vote HiQs fucking Witness! 😻
ကွန်မြူနတီ အများစုက Eလိုပဲ လက်ခံကြတာ။
!PIZZA
!LUV
$PIZZA slices delivered:
@myanmarkoko(2/5) tipped @htwegyi