သာယာစေချင်၊ ကမ္ဘာမြေတခွင်။

avatar

"ဖလပ် ဖလပ်"

"ကူး ကူ၊ ကူး ကူ"

နေ့လယ်ခင်း လမ်းမပေါ် ယာဥ် အသွားအလာ
နည်းချိန်၊ လူခြေတိတ်ချိန်မှာ အိမ်ရှေ့
မြေကွက်လပ်ပေါ် ဂျိုးမောင်နှံ ပလီနေသည်။
သူရို့ ပလီနေသည်ကို အလုပ်မရှိ‌သော
ကိုယ်တွေက သေသေချာချာ လက်ပိုက်ကြည့်လိုက်၊ လက်နောက်ပစ်၍ ကြည့်လိုက်ဖြင့် ဂရုစိုက်ကြည့်နေသည်။

ကျွန်တော်ကြည့်နေစဉ် သူရို့နှစ်ကောင်သည်က
ကြက်များ ခွပ်သလို တကောင်နဲ့ တကောင်
အတောင်ပံချင်း ပွတ်နေသည်။ တကောင်အပေါ်
တကောင်က ပျံသန်းလိုက်ဖြင့် ချစ်ကြည်လူး
တစ်တီးတူးနေသည်။ ကိုယ်တွေလည်း ဟိုက်မှာ
ပိုစ့်တင်ဖို့ ကုန်ကြမ်းမှ ရ ရ။ သေချာ လေ့လာမှတ်သား၍
ကျကျနနကြည့်မဟဲ့ လို့ လုပ်တုန်း။

ဝုန်းကနဲ့ ခြံတခါးဖွင့်သံပေါ်လာပြီး ကျွန်တော့်
အမ က ခြံတံခါးဝမှ ထွက်ချလာလေသည်။
ဟမလေး သွားပါပေါ့ ဂျိုးနှစ်ကောင်ရဲ့
အချစ်တလင်းဗျူဟာ ချစ်ခြင်းကဏ္ဍလေး။
ဂျိုးနှစ်ကောင်းရဲ့ လွပ်လပ်စွာ အချစ်အားစမ်းပွဲလေး
မပြီးခင်မှာ၊ ကိုယ်တွေပင် သူရို့ကို ဖုန်းဖြင့်
ဓာတ်မဖမ်းလိုက်ရခင် ပျံသန်းပြေးကြပါပေါ့။

ကိုယ်မှာတော့ သူရို့နှစ်ကောင် ပျံသွားမည်စိုး၍
ဖုန်းပင် သွားမယူမိ။ သူတို့၏ ဘာသာဘာဝ
ဖိုမ ချစ်ကြည်လူးသည်ကို သေချာ လေ့လာ
ပါမည်ဆိုမင့်။ အမ ၏ ခြံဝင်းတံခါးဖွင့်သံကြောင့်
အားလုံးပြီးဆုံးရလေသည်။ အမ က တံခါးဖွင့်
လျှင် ဖွင့်ချင်း။

"အိမ်ရှေ့ တဖျပ်ဖျပ် တဖုန်းဖုန်းနဲ့ ဘာသံတွေလဲ၊
ငါ့ပန်းပင်တွေ ဖျက်စီးနေတာလာလို့"

"မဟုတ်ပါဘူး အမရာ၊ ငှက်နှစ်ကောင်
ပလီနေကြတာပါ"

အမက အော်ဟု ပြောကာ အိမ်အတွင်းပြန်ဝင်သွား
သည်။ ကိုယ်တွေမှာသာ ငှက်နှစ်ကောင်ကိုလည်း
ဓာတ်ပုံမရိုက်လိုက်ရ။ သူရို့ မည်သည့်အချိန်မျှ
တစ်တီးတူးသည်ကိုလည်း မလေ့လာရလိုက်ရပေ။
သို့ပေသိ ဤအတိုင်းတော့ အဖြစ်မခံပေ။
ခြံဘေးပေါက်နေသာ တပေဘူတ အပင်မှ
ဝါဝါထိန်ထိန် ပြွတ်ခဲနေသော ပန်းဝါများကို
ဂျိုးနှစ်ကောင်အစား ဓာတ်ပုံရိုက်လိုက်ရပေသည်။

ညက မိုးရွာထားသဖြင့် ယနေ့ ရာသီဥတုက
အပူသက်သာသည်။ လမ်းဘေးရှိ ဖုန်များလည်း
မိုးရေကြောင့် ဖုန်သိပ်ကာ ဖုန်မထပေ။ သစ်ပင်များဟ
ပေါ်မှ သစ်ရွက်များသည်လည်း မိုးရေကြောင့်
ဖုန်ကင်းစင်ကာ စိမ်းစိုနေသည်။ ဒီတော့
ယနေ့အဖို့ သာယာသလိုရှိသည်။ ဒီတော့ ဂျိုး
နှစ်ကောင်သည်လည်း သာယာသော ရာသီမှာ
သာယာချင်ကြပေမည်။ ယနေ့ကမ္ဘာလောကကြီး
လည်း အမြန်ဆုံး သာယာ‌စေချင် ပါပြီလေ။

@htwegyi
March 22, 2025



0
0
0.000
7 comments
avatar

လူပျိုကြီးရဲ့ ဝါသနာလားဗျ
!LOLZ
!HUG

0
0
0.000
avatar

The first time I saw my future Wife was at the local Zoo.
I just knew she was a keeper.

Credit: reddit
@htwegyi, I sent you an $LOLZ on behalf of golden.future

(1/10)
Delegate Hive Tokens to Farm $LOLZ and earn 110% Rewards. Learn more.

0
0
0.000
avatar

မဟုတ်ရပါဘူးဗျာ။

0
0
0.000