စသဖြင့်.... စသဖြင့်။

စာရေးသည့်အခါ အတွေး စိတ်ကူးရလျှင်ရေးကောင်း
သည်။ ဒါက အတွေးစိတ်ကူး ထိုစကားလုံးက
နားလည်၍ရသည်။ ဈာန်ဝင်လျှင်ရေးကောင်းသည်။
မု ဝင်လျှင်ရေးကောင်းသည်။ ထို ဈာန်တို့၊ မု တို့
ဆိုသည်က ဘန်စကားများဖြစ်သည်လား။
မပြောတတ်ပေ။

ထို မု ၊ ဈာန်ဆိုသည် စကားများကို ကျွန်တော်
လည်းပြောခဲ့သည်။ ထိုစကားလုံးတို့၏ မူလ
ဘူတကို သေချာမသိပေ။ အများသုံး၍
အများပြော၍ လိုက်ပြောခြင်းဖြစ်သည်။
ထိုစကားလုံး၏ အဓိပ္ပါယ်ကို အလွယ်တကူ
ဘာသာပြန်ပါမူ ခံစားချက် ဟု အကြမ်းအားဖြင့်
ပြောရပါမည်။

စကားလုံးများက အမျိုးမျိုးပြောဆို၊ ပြောထွက်နေ
ကြသည်။ တလောက Facebook မှာဖတ်ရသည်။
မြန်မာစာ၊ မြန်မာစကားများကို ဖျက်ဆီးခံနေရသည်ဟု
ဖတ်ရသည်။ စကား၊ စကား ပြောပါများ
အမှားပါတတ်သည်။ အဲ့သလိုပဲ စာ ရေးသူ၊
ပြောသူ၊ ဖတ်သူများက အဆန်းထွင်၍ အခြားသူများ
ထက်ထူးပြီးရော ပြောကြသည်။

ယခုခေတ်ကာလကြီးကလည်း ထူးပေ့၊ ဆန်ပေ့။
မဟုတ်တာရော ဟုတ်တာရော ပေါက်ကရလုပ်
ကြသည်။ နာမည်ကြီးပြီရော။ ထိုအရာများကို
ဆိုရှယ်မီဒီယာများဖြင့် ဖြန့်ဖြူးသည့်အခါ
ဘာပြောကောင်းမလဲ ပရိတ်သတ်ဆိုသလို။
ဟယ် စကားလုံး အကြီးအကျယ်တွေ ရေးနေပါပေါ့။

ကျုပ်လည်း ခေါင်းထဲက ထွက်လာတာ
လက်ကနေ ဖုန်းပေါ်ရေးချလိုက်တာပ။
စကားကြီး၊ စကားကျယ်ဖြစ်သွားရင် သီးခံ
ခွင့်လွတ်ကြပေရော့။ ကွီးရေးချက်ကို သီးခံကြပေအုံး
ညေးတို့ ခေးတို့ရေ။ အဲ အဲ့စကားလုံးတွေကလည်း
ခေတ်စားချက်ပ။ အံမယ် တီရှပ်‌တွေ၊ ဦးထုပ်တွေမှာတောင်
အဲ့စကားလုံးတွေကို ရိုက်နှိပ်ပြီး ရောင်းချနေကြသေး။

နောက်တခု ရှိသေးသဗျို့။ ကျုပ်တို့ ခေတ်က
ရုပ်ရှင်မှာ မိန်းကလေးကို စော်ကားမော်ကား
ပြုတဲ့အခါ ပန်းအိုးလေးမှာ ပန်းလေးတွေကြေမွ
သွားတာ၊ ကျားက သမင်ကို ခုန်အုပ်လိုက်တာ
အဲ့သလိုမျိုးပြသည်။ အဲ အဲ့သလိုမျိုးပြပြီဆို
ကျုပ်တို့က သဘောပေါက်ပြီ။

ဒီလူက ယုတ်မာလိုက်ပြီ၊ မိန်းကလေးက
အနိုင်ပြုကျင့်ခံလိုက်ရပြီပေါ့။ အဲ့သလိုမျိုး
‌သဘောပေါက်ပြီးသား။ ဟော့ ခုခေတ်ရဲ့
အဲ့သလိုဟာ တင်ပြချက်က။ ကွက်ကွက်ကွင်းကွင်း
မြင်စေချင်သော ဆန္ဒတွေများကြသည်ဖြစ်ခြင်း။
အံမယ် သရုပ်ဆောင်သူများကလည်း ပီပြင်ချင်
လွန်အားကြီးလိုက်ကြထာ ဖြစ်ခြင်း။ စသဖြင့်
စသဖြင့် ပေါ့လေ......။ တော်သေးပြီ။
စာရှည်သွားပြီမို့။

@htwegyi
December 15, 2023



0
0
0.000
10 comments
avatar

ဈာန် က ပါဠိ
မု က mood
!lolz
!hug

0
0
0.000
avatar

ဟုတ်သဗျို့။

0
0
0.000
avatar

@htwegyi, the HiQ Smart Bot has recognized your request (1/1) and will start the voting trail.

In addition, @htwegyi gets !PIMP from @hiq.redaktion.

For further questions, check out https://hiq-hive.com or join our Discord. And don't forget to vote HiQs fucking Witness! 😻

0
0
0.000