စိတ်ကူးလေးပါပဲ။
အတိတ်ကခြေရာ ရတနာ အက်လယ်
ဒီအမည်ကို ကြားဖူးသည်။ မည်သူရေးထား
သည်မသိ။ ကဗျာလား၊ ဝတ္ထုလားမသိ။
တော်ပြီလေ အဲ့သလောက်မှတ်မိနေရင်
ရပြီမင့်ဟာ။ အမှန်က သောကခြေရာ
ရတနာ ဖြစ်ပေမည်။
အတိတ်က သွားခဲ့ဖူးသော ထွက်ခဲ့ဖူးသော
ခရီးများမှ အမှတ်တရဓာတ်ပုံလေးများကို
ကြည့်၍ လွမ်းမောမိသည်။ အတိတ်ကိုလည်း
မလွမ်းနဲ့၊ အနာဂတ်ကိုလည်း မမျော်နဲ့၊ အဲ
ပစ္စုပ္ပန်သာ ဂရုထားပါဆိုသည်။
သို့ပေသိ ယခု ပစ္စုပ္ပန်က ဘာမှန်းကို မသိတော့
သာယာခဲ့သော အတိတ်ကို တဝဲလည်လည်
ဖြစ်နေသည်။ အတိတ်ဆိုပေသိ အဝေးကြီးတော့
မဟုတ်ပါဘူးလေ။ ပြီးခဲ့သော သီတင်းကျွတ်
လပြည့်နေ့က သွားခဲ့သော ခရီးကို သတိရမိသည်။
စစ်ကိုင်းတောင်ကိုမြင်တော့ ဟိုးယခင်က
ရွှေကြက်ယက်ဘုရားကို သွားခဲ့စဉ် ခရီးကို
ပြန်အောင်းမေ့မိသည်။ စစ်ကိုင်းတောင်နှင့်
ရွှေကြက်ယက်ဘုရားတို့သည်က မီးရထားဖြင့်
ခရီးသွားသည့်အခါ အမှတ်တရ လိုဂိုတခုဖြစ်သည်။
ကားဖြင့်သွားပါကလည်း ထိုအရာတို့ကို
မြင်ရပေမည်။ သို့ပေသိ ကားထက် ကိုယ်တွေက
ရထားဖြင့် ခရီးသွားတာပိုများသည်။ မြစ်ကြီးနား၊
မုံရွာသို့ ရထားဖြင့် ခရီးသွားသည့်အခါ
အမရပူကိုရ ကျော်ပြီးသည့်အခါ၊ တဖန် စစ်ကိုင်း
တံတားကြီးမှ မန္တလေးဖက်သို့ ထွက်လာသည့်
အခါများတွင် ထိုအရာများကို တကူးတက
အမှတ်တရ ခုံမင်နှစ်သက်စွာ ကြည့်ရှုမိသည်။
စစ်ကိုင်းတောင်နှင့် ရွှေကြက်ယက်က ကိုယ်တွေ
မျက်စိမှာ ထာဝရစွဲမြဲနေသည်။ အဆိုပါ
သီတင်းကျွတ် လပြည့်နေ့က ရတနာပုံတံတား
ပေါ်မှနေ၍ စစ်ကိုင်းတောင်နှင့် ရွှေကြက်ယက်ကို
အချိန်ကြာစွာ လွမ်းလွမ်းဆွေးဆွေး တမြေ့မြေ့
ကြည့်မိသည်။ ခေတ်အခါကောင်းခဲ့ပါရင်
Hive ဈေးတက်ခဲ့ပါရင်ဖြင့် ထိုနေရာမှာ
ရှုခင်းကြည့်ရင် စားသောက်ဆိုင်လေးဖွင့်ဖို့
ကိုဟင့်ကို လက်တို့ရပါအုံးမည်။ စိတ်ကူးနဲ့
လွမ်းလာပြီလေ။
@htwegyi
4-3-2023
ကိုဟင်လည်း အဲသလို တိုးရစ် တွေကို ဆွဲဆောင် မဲ့ နေရာတွေကို စိတ်ဝင်စားတယ်။ သူများ နိုင်ငံမှာ ဘာမှ မဟုတ်တဲ့ ဓနိတောထဲ လှေစီး တာကအစ ပိုက်ဆံရနေတာရယ်။ !PIZZA
ဟုတ်သဗျာ အခြေအနေလေ ကောင်းမယ်လို့
လုပ်တုန်း။
!LUV
!LOL
@htwegyi, @walarhein(4/5) sent you LUV. | tools | discord | community |
HiveWiki |
NFT | <>< daily
lolztoken.com
I'll hang around here while you go on ahead.
Credit: reddit
@htwegyi, I sent you an $LOLZ on behalf of @walarhein
(3/6)
Farm LOLZ tokens when you Delegate Hive or Hive Tokens.
Click to delegate: 10 - 20 - 50 - 100 HP
!hiqvote
@htwegyi, the HiQ Smart Bot has recognized your request (5/2) but the daily limit has been reached or the mana is too low. Try again later.
As a consolation, @htwegyi gets !LOL from @hiq.redaktion.
For further questions, check out https://hiq-hive.com or join our Discord. And don't forget to vote HiQs fucking Witness! 😻