ပူတယ်လေ ဆယ်နွေကဲ။
ကျွန်တော်တို့ရဲ့ အချစ်တော် Hive သည်
ပြားလေးဆယ်မှ ပြားသုံးဆယ်သို့ ကျဆင်း
သွားသည်။ ပြားငါးဆယ်ရောက်တော့
ပျော်ခဲ့ရသလို။ ပြားသုံးဆယ်ရောက်ပြန်တော့
အားပြန်တင်းရသပေါ့။
နွေအပူထဲ ရွှေရင်ပိုပူစေတာပေါ့။ ဟိုက်ဈေးကျ
တော့ ဘယ်တတ်နိုင်ပါမလဲ။ သူကျရင်ကျ
တက်ရင်တက်ပေါ့။ ကိုယ်တွေကတော့
ပိုစ့်တင်ဖို့ အရေး ကြိုးစားရသည်။ နွေရာသီ
မှာ စာရေးဖို့ အတော်ကြိုးစားရသည်။
ရာသီပူမှာ ဖုန်းပါပူတော့ပိုဆိုး။ ခေါင်းပါပူပြန်၍
စာရေးဖို့ ကြိုးစားရပြန်သည်။
ကိုယ်ရေးသည့်စာမှာ ကြိုးစား ဆိုသည့်
စကားလုံးက အတော်များသည်။ ပိုစ့်ရေးဖို့
ဖုန်းထဲမှာ ရိုက်ထားသော၊ ရှိသော ပုံများကို
ရှာဖွေမိသည်။ ဒီလိုပါပဲ ကျွန်တော်က
စာရေးပျင်းသည့်အခါ ဖုန်းမှာရှိသော ပုံအဟောင်း
များကို ရှာဖွေကြည့်ကာ စာရေးတတ်သည်။
နေပူတော် အဲ နေပြည်တော်ရှိ ဖြူဖြူဖွေးဖွေး
ကိုယ်တော်ကြီး၏ ဓာတ်ပုံများကို တွေ့ရှိသည်။
မအလ တည်ထားသော စကျင်ရုပ်ပွားတော်ကြီး
၏ အနီးမှ စေတီလေးများ၏ပုံဖြစ်သည်။
ကိုယ်တွေက မရောက်ဖူးသေးပါ။ မိတ်ဆွေက
ပေးပို့ထားသော ပုံများဖြစ်သည်။
ထိုပုံများကို ရှဲဒိုးဟန်တာမှာ တင်ရန် စိတ်ကူးသည်။
သို့သော် အင်္ဂလိပ်စာဖြင့် တင်ရမည်ဖြစ်သည်။
အင်္ဂလိပ်စာက ကိုယ်တွေက ညံ့ချက်။ ဒီတော့
ကိုယ့်ရဲ့ ဖောက်သည်ကြီး ဟိုက်မြန်မာဂရုမှာသာ
ပိုစ့်တင်ရတော့သည်။
ယခုလို ရာသီမှာ အဆိုပါ ဘုရားသို့
နေ့လယ်ခင်း သွားရောက်ဖူးပါက မတွေးဝံ့စရာပေ။
အပေါ်ပူ၊ အောက်ပူနှင့် ချောင်းသာက
အပေါ်မီး အောက်မီးမုန့်ကဲ့သို့ ဖြစ်ပေမည်။
ညနေ နေဝင်ချိန်နှင့် မနက်ခင်းစောစော
သွားရောက်ပါမှ အဆင်ပြေမည်။
ထိုဘုရားတည်ကာစတွင် လူစည်ကားစေရန်
သွားရောက်ဖူးစေခဲ့သည်။ ယခုအချိန်မှာ
ထိုဘုရားသို့ ဘုရားဖူးသူရှိသေးသလား မသိပါ။
ပြည်သူတို့ရင်ထဲမှာတော့ နွေရာသီနဲ့အပြိုင်
ပူလောင်သူအချို့ကတော့ ရှိနေသည်။
ပူတယ်လေ ဆယ်နွေကဲ ဆိုသလို တပူပေါ်
တပူဆင့်မည့် ဧပြီ လေးငါးခြောက်
ရက်များမှာ အယ်နီညို ဆိုလား၊ လာနီညာ
ဆိုလာ အဖျားခတ်အုံးမည်တဲ့။
@htwegyi
April 2, 2024
ညိုပြာညက်ဖို့ ပူပေးတာပါဗျာ။
!lolz
!luv
htwegyi, golden.future sent you LUV. 🙂 (2/10) tools | trade | connect | wiki | daily
Made with LUV by crrdlx.
lolztoken.com
They raise the roof.
Credit: reddit
@htwegyi, I sent you an $LOLZ on behalf of golden.future
(1/10)
NEW: Join LOLZ's Daily Earn and Burn Contest and win $LOLZ
အက်လယ် ဟုတ်ပေ့ဗျို့။
!hiqvote
@htwegyi, the HiQ Smart Bot has recognized your request (1/1) and will start the voting trail.
In addition, @htwegyi gets !PIZZA from @hiq.redaktion.
For further questions, check out https://hiq-hive.com or join our Discord. And don't forget to vote HiQs fucking Witness! 😻