ပန်းနဲ့ ပန်းချင် တူသော်လည်းလေ။
တနေ့က Hive မှာ အခြားသူတဦး ပိုစ့်တင်ထားတာ
တွေ့ရသည်။ သူတင်ထားသည်က တရုတ်စကားပန်း
ပင်ဖြစ်သည်။ သူက ထိုတရုတ်စကားပန်းကိုပင်
ရှုထောင့်အမျိုးမျိုးမှ ရိုက်ပြကာ အင်္ဂလိပ်ဘာသာဖြင့်
တင်ထားခြင်းဖြစ်သည်။ သူ့ပန်းနှင့် ကျွန်တော့်ပန်း
က အတူတူပင်ဖြစ်သည်။ သူ့ပန်းက အနီရောင်ဖြစ်သည်။ ကျွန်တော်မှာလည် ထိုအနီရောင်ပန်း
များရှိသည်။ အနီရောင်၊ အဖြူရောင်၊ အဖြူရောင်
မှာ ပန်းသွေးရောသည့် အပွင့် မျိုးစုံရှိပေသည်။
ယခုအခါမှာတော့ အနီရောင် တရုတ်စကားပန်းပွင့်
များက မပွင့်သေးပေ။ အဖြူရောင်များသာ လှိုင်လှိုင်
ပွင့်နေသည်။ မိုးရေဝနေသော တရုတ်စကားပွင့်ဖြူ
များက အရွက်စိမ်းစိမ်းများကြားမှာ အင်မတန်ကြည့်၍
ကောင်းလှသည်။ ပြောချင်တာက ဒီလိုဗျာ။
ပန်းရိုက်ပြီး ပိုစ့်တင်တာခြင်း အတူတူ။ အင်္ဂလိပ်ဘာသာဖြင့် ရေးသားပို့စ်တင်သော သူပို့စ့်က Vote
များစွာရသည်။ ကိုယ်တွေ မြန်မာဘာသာစကားဖြင့်
ရေးသော ပိုစ့်ကမူ ဘယ်လောက်ရသလဲဆိုတာ
ကြည့်ပေရော့။
ငယ်စဉ်က အင်္ဂလိပ်စာ ဖျင်းခဲ့သောအကျိုးပေ။
အင်္ဂလိပ်ဘာသာကို ယခုအခါ ပြန်လေ့လာပါလား
ဟု ပြောပါမူ ငပျင်းတယောက်အတွက် ဖျင်းတာက
မဆန်းဟု ပြောရမည်။ ငယ်စဉ်က အင်္ဂလိပ်ဘာသာ
သင်ခဲ့သော ဆရာမများ၏ မျက်နှာကိုသာ ပြေးမြင်
မိကာ အားနာရသည်။ ကျွန်တော်တို့ငယ်စဉ်က
သုံးတန်းရောက်မှ အင်္ဂလိပ်ဘာသာ စသင်ယူရသည်။
ငယ်စဉ်က အင်္ဂလိပ်ဘာသာကို အတော်ပင်ပန်းစွာ
သင်ယူရသည်။ ဂရမ်မာဟုခေါ်သော အက်တစ်၊
ပတ်စစ် တို့ ပရိုနောင်တို့ စသဖြင့်အော်သာ
ကျက်မှတ်ရသည်။ အခြေခံကို နာမလည်ခဲ့ပေ။ ကိုယ်ရဲ့
သင်ယူမှု စွမ်းရည်ကလည်း ဖျင်းတာကို။ ဒီတော့
ဘာပြောကောင်းမလဲ။ ကံကောင်းထောက်မသဖြင့်
ကိုယ်ကျက်သည့် စာနဲ့တိုးသဖြင့် အောင်ခဲ့သည်။
ယခုတော့ ထို ဖျင်းခဲ့၊ ပျင်းခဲ့သော အကျိုးများက
ခံစားရပါသည်။ အများတကာတွေ Vote များများရ၊
ဒေါ်လာ များများရသည်ကို။ ကျွန်တော့်မှာ အားကျ
နေရပါသလေ။ သို့ပေသော်လည်း ရသလောက်တော့
ယူရပေမည်။ ကိုယ်စွမ်းသလောက်တော့ ကြိုးစားရပေမည်။
ပန်းနဲ့ ပန်းချင် တူသော်လည်းလေ
ကိုယ့်ပန်းကလေးအတွက် ဗုတ်များများရအောင်
မည်သို့ ကြံဆောင်ရပါ့။ အပြင်မှာ မိုးဖွဲလေးများ
ကျနေသည်။ ရာသီကတော့ တာယာပွကြီးအကြိုက်။
မုန်တိုင်ကြောင့် ကောင်းကင်က မကြည်လင်ပေ။
ယခုအချိန် Hive ဈေး တစ်ဒေါ်လာ ဖြစ်ပါအံ့။
ဥတုရာသီ ကြည်လင်လတံ့ ဟုသာ ဆိုချင်ပါဘိ။
@htwegyi
September 24, 2025
ဘိုစာ လေ့လာဖို့ လိုပြီထင်။ power များများ စုလို့ရအောင်။
ဟုတ်တယ်ဗျို့။
E လို ကောင်းကောင်း မတတ်လည်း ဘာသာပြန် သုံးတတ်ရင် အဆင်ပြေပါ့ဗျာ။
!LOL
!HUG
ကြိုးစားကြည့်ရတာပ။
lolztoken.com
It's riveting
Credit: reddit
@htwegyi, I sent you an $LOLZ on behalf of golden.future
(2/10)
Farm LOLZ tokens when you Delegate Hive or Hive Tokens.
Click to delegate: 10 - 20 - 50 - 100 HP