နှစ်နှစ်ငါး ကံတရား
ကံတရားက ဆန်းကြယ်တယ်ဆိုတာ အားလုံး
သိကြသည်။ သို့ပေသိ ထိုစကားလုံးကို အမှုမဲ့
အမှတ်မဲ့ဖြစ်သည်။ ကံတရားနဲ့ တေ့တေ့ဆိုင်ဆိုင်
တိုက်ဆိုင်မှုကြုံလာတော့မှ မှန်သဟဟု ထပ်မံ
အတည်ပြုမိသည်။

ကံတရားဆန်းကြယ်မှုကို တူမ၏ မွေးနေ့မှာ
တွေ့ရှိခဲ့ရသည်။ တူမက သူ့မ၏မွေ့နေ့မှာ
မနက်ပိုင်း ဘုရားကြီးသို့ သွားရောက်ဖူးသည်။
နေ့လယ်ပိုင်းမှာ မန္တလေးမြို့ အနောက်အရပ်ရှိ
ငါးဈေးသို့ သွားသည်။ ငါးဈေးသွားကာ
ငါးအုံတုံတစ်ကောင်ဝယ်သည်။ ငါးပေါင်းစားရန်
အတွက်ဖြစ်သည်။

ထိုသို့ ငါးဈေးသွားရာတွင် သုံးဘီးဖြင့် လေးယောက်
သွားကြသည်။ တူမ၏ အမျိုးသားက သုံးဘီး
မောင်းသည်။ ကျွန်တော်ရယ်၊ အမရယ်၊ တူမ
တို့က နောက်မှ လိုက်ပါစီးခဲ့သည်။ ငါးဈေးက
ဧရာဝတီမြစ်ကမ်းဘေးမှာ ရှိသည်။ သုံးဘီးကို
ကမ်းပတ်လမ်းမပေါ်ရပ်ထားခဲ့သည်။ ငါးဈေး
ဆိုသည့်အတိုင်း ဈေးအတွင်းမှာ ရွှံဗွက်များရှိသည်။
ထိုကြောင့် တူမက သူ မလိုက်တော့။ သုံးဘီးကား
ပေါ်မှာ ထိုင်စောင့်နေခဲ့သည်။

ကျွန်တော်တို့ သုံးဦးသာ ငါးဈေးအတွင်းသို့
ဝင်ရောက်ခဲ့သည်။ ကျွန်တော်က ငါးဈေးသို့
ပထမဦးစွာ ရောက်ရှိခြင်းဖြစ်သည်။ ငါးဈေး
အတွင်း ဝင်ရောက်သည်နှင့် ငါး၊ ပုစွန်နှင့်
ရေသတ္တဝါမျိုးစုံကို တွေ့ရသည်။

ငါးမျိုးစုံကို ကျွန်တော်က ဖုန်းဖြင့် ဓာတ်ပုံရိုက်
သည်။ ပိုစ့်တင်ဖို့အတွက် အပြင်ထွက်တုန်း
အမိအရရိုက်ရသည်။ ငါးခြစ်နေသူ များကို
တွေ့၍ ဓာတ်ပုံရိုက်မိသည်။ ငါးခြစ်နေသူ
အမျိုးသမီးတဦးက ကျွန်တော်ဓာတ်ပုံရိုက်သည်ကို
မကြိုက်သည့်ပုံတွေ့ရ၍ ကမန်းကတန်းရိုက်ခဲ့ရသည်။
ငါးများကို ခြစ်ခသည် တပိဿာ ရှစ်ရာကျပ်ဖြစ်သည်။
အမျိုးသမီး လေးငါးဦး ထိုင်ပြီး
ငါးခြစ်နေကြသည်။ သူရို့ပုံတော့ မရိုက်မိပါ။
ငါးခြစ်များကိုသာ ဓာတ်ပုံရိုက်ခဲ့သည်။

ငါးဝယ်ပြီး၍ သုံးဘီးကားဆီပြန်ခဲ့ကြသည်။
ကားအနီးရောက်သောအခါ တူမက ပြောပြသည်။
သူ့ထံ စိတ်ပုံမှန်မဟုတ်သူတဦးရောက်လာသည်။
ပိုက်ဆံတောင်းသည်ထင်၍ တူမက လက်ခါ
ပြသည်။ ထိုသူက ထွက်မသွားသေးဘဲ။
နှစ်နှစ်ငါးထိုးဟုပြောသည်။ ထိုအကြောင်းကို
တူမက ကျွန်တော်တို့ကို ပြေပြသည်။
ထိုနေ့က နိုဝင်ဘာလကုန် သုံးဆယ်ရက်ဖြစ်သည်။

နောက်ရက်မှာ ချဲထွက်မည့်ရက်ဖြစ်သည်။
တူမက သုံးထောင်ဘိုးထိုးသည်။ တူမ အမျိုးသားက
တစ်ထောင်ဘိုးဆီ ပတ်ပြီးထိုးလိုက်သည်။
တူမ၏ သူငယ်ချင်းများကလည်း ငါးရာဘိုးဆီ
ပတ် ထိုးကြသည်။ တူမ၏ အမျိုးသားက
သူ့သုံးဘီး ငှားစီးသူ လူငယ်နှစ်ဦးကိုလည်း
ဂဏန်းပေးလိုက်ပြန်သည်။ သူရို့ကလည်း
ငါးရာဘိုးသာ ပတ်ပြီး နှစ်နှစ်ငါးကို များများထိုးလိုက်ကြသည်။

ကျွန်တော်နှင့်အမ သည်လည်း နှစ်နှစ်ငါးကို
ဒဲ့သာထိုးလိုက်သည်။ တာရာပွကြီးကလည်း
နှစ်ရာဘိုး ဒဲ့ထိုးသည်။ ညနေ ချဲထွက်တော့
နှစ်ငါးနှစ် ထွက်ပါလေသည်။ ထိုအခါ စနေနှစ်ဦး
ဖြစ်သူ အမနှင့် အကို တို့သည် ဒဲ့မထိုးမိ၍
ပြောလို့ကို မဆုံးနိုင်အောင် ဖြစ်နေကြပေ
တော့သည်။
@htwegyi
December 5, 2025
ပတ်လည် ထိုးရင် ပေါက်ပြီပေါ့။
ခုလည်း ပတ်လည်ရဘူးလား။
တူမ တဦးသာ ပေါက်။
ကျုပ်တို့ မောင်နှမသုံးယောက် မပေါက်ဘူး။
၃ ကွက်တည်းကို R လိုက်ရမှာ ခုတော့ ...
!LOLZ
!HUG