ငလျင် နောက်ဆက်တွဲများ။

မန္တလေးမြိုးမှာ စစ်ကိုင်းငလျင်လှုပ်ပြီး တိုက်တာ
နေအိမ်များ ပြိုယိုင်လဲသည်။ ဘုန်းကြီးကျောင်း
နှင့် ဘုရားများ ပြိုလဲကျသည်။ ငလျင်၏ ဒဏ်ကို
ယနေ့ထိ ခံစားနေကြရတုန်းဖြစ်သည်။ အချို့
နေအိမ်များ၊ ဘုန်းကြီးကျောင်းများနှင့် ဘုရား
ကျောင်းကန်များ ပြိုလဲခြင်းကို ယနေ့ထိပြုပြင်
နိုင်ခြင်းမရှိသေးပေ။

တနေ့က ရှေးဟောင်းဘုရားတခုသို့ ရောက်ရှိခဲ့သည်။
ထိုဘုရားကို တည်ထားသော အုတ်ချပ်များက
ရှေးဟောင်းအုတ်များဖြစ်သည်။ ဘုရားများ၏ အတွင်းပိုင်းများက ထိုနည်းအတိုင်းများစွာတူညီ
ကြသည်ဟု ထင်မိသည်။ အဘယ်ကြောင့်ဆိုသော်
ဘုရားပြိုများ၏အတွင်းပိုင်ရှိ အုတ်ချပ်များက
ရှေးကျ၍ ဆွေးမြေ့နေသည်။ သို့ပေသိ ဘုရား
အပြင်အကာမှာတော့ ထုံး သို့မဟုတ် ရွှေရောင်
ဆေးများသုတ်ထားကာ သစ်လွင်နေသည်ဟု ထင်ရသည်။

ယခု ကျွန်တော်ဖူးခဲ့ရသော ဘုရားသည် အထက်ထီးတော်မှ
အောက်စေတီတဝက်ထိ ပြိုကျခဲ့သည်။
ဘုရားအောက်ခံ ခြင်္သေ့ကြီး လေးကောင်သည်
အားလုံးနီးပါး ပြိုကွဲပျက်စီးသည်။ ဘုရားစေတီ
ကို ယခုထိ မပြုပြင်နိုင်သေးပေ။ ပြုပြင်ဖို့က
နောက်မှာပြုပြင်နိုင်အုံးမည်။ အဘယ်ကြောင့်
ဆိုသော ပြိုကျပျက်စီးသော အပျက်အစီးများကိုပင်
ရှင်းလင်းဖို့ အတော်လုပ်ကြရပေသည်။

စစ်ကိုင်ငလျင်သည်က မြန်မာပြည်၏ အနုပညာ
မြို့တော် မန်းရွှေမြို့ကို ကြီးမားစွာ ထိခိုက်စေခဲ့လေသည်။
ငလျင်ဘေးဒဏ်နှင့် ဘေးပေါင်းစုံ
ဒုက္ခများမှ အတော်ကို ရုန်းကြရပေအုံးမည်။
အခက်အခဲများကြားမှ ရုန်းထွက်ရသည့် အရာတိုင်းက
ပိုမိုရှင်သန်းကြစမြဲပေ။ သို့အတွက်
ပိုမိုရှင်သန် သန်မာပါစေ မန်းတလေးရေ။
မြန်ပြည်တဝှမ်းသည်လည်း
အမြန်အေးချမ်းပါစေလေ။

@htwegyi
October 10, 2025



0
0
0.000
4 comments
avatar

ဒီလူတွေကြောင့် ပြန်လည် ထူထောင်ရေးကလည်း ပိုပြီး ကြာရှည် နေဦးမှာပါပဲဗျာ။

0
0
0.000
avatar

ဟုတ်သဗျို့ အရာရာ နောက်ကောက်ကျနေရပါပြီ။

0
0
0.000