နေမလား မောင့်ရင်ထဲဝယ်။
"ရာသီဥတုက ဖောက်ပြန်။
လူတွေက ဖောက်ပြန်။
လူတွေက မကောင်းတော့
ဥတုရာသီလည်း ဘယ်ကလာ ကောင်းပါ့မလဲ။
ကိုယ်လည်း ကောင်းလားဆိုတော့။
ကိုယ်လည်း မကောင်းပါဘူး။
မကောင်းတာတွေပြည့်နေတဲ့ဟာ။
ဘာက လာပြီ ကောင်းပါမလဲ"
" ကောင်းတာတွေ ရှားပါးနေတဲ့ ဟော့ဒီ
လောကကြီးမှာ ကုပ်ကပ် အသက်ရှင်နေကြတာ
မောစရာကြီးပါအေ"
မနက်က အမေ့အတွက် အကြော်သွားဝယ်ရင်း
လမ်းမှာ အမျိုးသမီးကြီးတဦး၏ ပြောစကားများ
ကို အထက်ဖော်ပြပါအတိုင်း ဖောက်သည်ချလိုက်
ရသည်။ မှန်ပါသည် မနက် အိပ်ရာထ မျက်နှာသစ်၊
မနက်စာ စားဖို့စီစဉ်။ ထိုနောက် နေ့လယ်စာ စားဖို့
စီစဉ်။ ညနေရောက်ပြန်တော့လည်း ညစာ စားပြီး
အိပ်ရာဝင်ရပြန်သည်။ တနေ့ တနေ့ စားလိုက်၊
အိပ်လိုက်ဖြင့် သေမည့်နေ့ စောင့်နေကြရသည်။
သေမင်းမလာခင်၊ မသေမချင်း နှိပ်စက်နေတဲ့
အာဏာရူး၊ လောဘရူးတွေကြောင့်လည်း
နေ့နေ့ ည ည အအိပ်ခက်၊ အစာပျက်ကြရသေးသည်။
ဘယ်မှာ လာပြီး သာယာသော ဘဝက
ရှိပေမည်လည်း။ အများသောက၊ ဒုက္ခရောက်ချိန်
ပျော်ပါး၊ မော်ကြွားနေသော လူတစုကိုမူ မပြောလိုပါ။
ကဲ ရှိစေတော့။ စိတ်ညစ်စရာ၊ စိတ်ဆင်းရဲစရာတွေ
တွေးနေလို့ဖြင့် ပြောမဆုံးအောင် ဖြစ်ပေမည်။
ခက်ခဲသောအချိန်မှာ ခက်ခဲစွာ မိမိကိုယ်ကို မွေးမြူး
ရပေအုံးမည်။ စိတ်ချမ်းသာအောင် ကြိုးစားမွေးမြူး။
ကိုယ်ကျန်းမာအောင် ကြိုးစားသည်က ကိုယ့်အတွက်
အောင်ပွဲပင်။ စိတ်ပျော်ရွှင်အောင် ကြိုးစား။
ပျော်စရာ ဆိုသည်မှာလည်း ဝေးကွာသော အရပ်မှာ
ရှိသောအရာကဲ့သို့ပင်။ အတော်ကို အလှမ်းဝေး
နေဆဲပင်။ အားရ ပါးရ မရီရ၊ မပြုံးရသည်မှာ
အတော်ကို ကြာနေသည်။ ရီစရာကိုပင် ပြည့်ပြည့်
ဝဝ အားရပါးရ မရီနိုင်ဖြစ်ရသည်။
တခါတရံ ရီစရာ အနည်းငယ်ကိုပင် ရီဖို့ အားစိုက်ရ
သလို။ ရီစရာ မဟုတ်သည်ကိုလည်း နှုတ်ခမ်းက
အလိုလို ကွေးညွတ်သွားတတ်သည်။ ဟော့
ရေးရင်း ပြောရင်းနဲ့ ဘေးက မူကြိုကျောင်းမှ
ဆောင်ဘောက်သံ ဝုန်းကနဲ့ ကြားလိုက်ရသည်။
ကလေးများကို သီတင်းကျွတ်ပွဲအတွက် သီးချင်း
တိုက်၊ အက တိုက်နေကြသည်။ ကလေးဘဝ
ကတော့ ပျော်စရာပါပေ။
ကလေးများကို ကြည့်၍ သူရို့လေးတွေ၏ အပျော်ဓာတ်က
ကိုယ့်ဆီသို့ ကူးလာပေသည်။ ကလေးငယ်
စုံတွဲလေးများကို သီချင်းတိုက်နေသည့် သီချင်း
က မျိုးမြင့်လေး၏ သီချင်းဖြစ်သည်ဟု ထင်မိသည်။
"နေမလား မောင့်ရင်ထဲဝယ်။
အဖြေစကား ကြားချင်သေးတယ်"
"အသည်းထဲဝယ် မောင့်အသည်းထဲဝယ်
နွေးနွေးထွေးထွေးထားပါမယ်။
နေမလား မောင်ရဲ့ရင်ထဲဝယ်တယ်"
"တစ်ယောက်တည်းမထားပါနဲ့ကွယ်။
ချစ်စကားကြားချင် သေးတယ်"
"ရွှေရင်တံခါးကို အမြဲဖွင့်ထားတယ်။
နီးဖို့ရာတွေးကာ မောင်ရဲ့ စိတ်မှာသိပ်ပျော်တယ်။
တူမောင်မယ် နီးဖို့ရယ် ဘယ်တော့လည်း"
အောင်ပွဲနီးဖို့ တွေးကာ ကိုယ်တွေလည်း
တွေးပြီး ပျော်ချင်နေပါပြီ။
@htwegyi
September 26, 2025
ရောင်နီ ရောက်ဖို့က ကြာဦးမယ် ထင်ပါရဲ့ဗျာ။
အားတင်းရင်း ရှေ့ဆက် နေကြရတာပါပဲ။ တနေ့ ပျော်ရမယ် တွေးပြီးတော့။
ရောင်နီကို အောင်စည်ရွမ်းဖို့ စောင့်နေရတာပါလေ။
ကြိုးစားရှင်သန်ကြရမယ်ဗျာ။
လုပ်သင့်လုပ်ထိုက်တာလုပ်ရင်း နေသာအောင်လည်း နေထိုင်ရဦးမယ်။
!LOLZ
!HUG
ဟုတ်တာပေါ့ ကိုယ့်မိသားစုရေးအတွက်လည်း
ကြိုးစားကြရတာပ။
lolztoken.com
Details are sketchy.
Credit: reddit
@htwegyi, I sent you an $LOLZ on behalf of golden.future
(3/10)
NEW: Join LOLZ's Daily Earn and Burn Contest and win $LOLZ
အားတင်းထားရုံကလွဲပြီး လောလောဆယ်တော့ တခြားနည်းလမ်း မရှိပါ။
အားတင်းထားရတာပ။