မထိ တထိ ကလိလိုက်ကြပုံများ။

avatar

ဘာက ဘယ်လို စ ရေးရမှန်းမသိတော့ပေ။
ဒီလိုဗျာ ကျွန်တော့်မိတ်ဆွေတဦးက သုံးနှစ်ကျော်
လာသည်အထိ တောင့်ခံလာပြီးမှ ယခုလို
အောင်ပွဲရတော့မည့် အနည်းငယ်သောအချိန်မှာ
ရင်ဖွင့်လာသည်။ သူရင်ဖွင့်တော့လည်း
နားထောင်ခဲ့ရ‌တာပေါ့။

သူက ရင်မဖွင့်မှီ ပြောသေးသဗျ။

"ရင်ဖွင့်ချင်လွန်းလို့သာ ဖွင့်ရတာပါဗျာ၊
ကိုယ်တွေလို လူတွေအားလုံး ကိုယ်တွေလို
သူမသာ ကိုယ်မသာ နီးနီးခံစားရကြမှာပါ"

"အမှန်ကတော့လေ ဘယ်သူမပြု မိမိအမှုလို့သာ
မထိ မှတ်ယူပါတယ်၊ တကယ်တော့ ကျုပ်တို့လို
အစိုးရလခစားများက အများအားဖြင့်
ကျုပ်အပါအဝင်ပေါ့ဗျာ ရေသာခိုသမားတွေဗျ။
ဘာပြုလို့လဲဆိုတော့၊ ခင်ဗျားစဉ်းစားကြည့်။
အစိုးရပေးတဲ့အိမ်မှာ နေတယ်၊ အစိုးရလခ
လေးနဲ့ ဖြစ်သလို ကြံဖန်နေကြတာ။
ချမ်းသာဖို့ ဆိုတဲ့ အတွေးလည်းမရှိကြဘူး။
လခထုတ်ရက်မှာ သုံးလိုက်ကြ ဖြုန်းလိုက်ကြ။
ရှေ့ရေး၊ နောက်ရေး မတွေးကြသူကအများသာ။
နေသာသလို နေပြီး သာယာနေကြတာ"

"ဟော့ ခုလို အရေးဟဲ့ အကြောင်းဟဲ့
ကြုံလာတဲ့အခါ ဘာလုပ်လို့ ဘာကိုင်ရမှန်း
မသိကြဖူးရယ်။ အချို့လူတွေကတော့
လခစာအပြင် အခြားလုပ်ငန်း လုပ်ကိုင်ကြသူတွေက
ဟော့ ခုတော့ လစာမရလည်း သူရို့တွေက
အဆင်ပြေသဗျို့။"

"ကျုပ်တို့လို ဟိုမရောက် ဒီမရောက်တွေက
ခုလို အဖြစ် အပျက်ကြီးနဲ့ တွေ့မှ နဖူးတွေ့
ဒူးတွေ့ဆိုသလို၊ ဘာတဲ့ သူများ‌တွေက
အေပလန်၊ ဘီပလန် ဆိုသဟာ ရှိသဗျ။
ကျုပ်တို့သာ အားရင် လက်ဖက်ရည်ဆိုင်လေး
ထိုင်လိုက်၊ တောင်ပြောလိုက်၊ မြောက်ပြောလိုက်နဲ့
အချိန်ကုန်ခဲ့ကြတာ ခုလိုကြတော့ ဘယ်နဲ့တုန်း
အီစိမ့်နေအောင် ခံကြရသပေါ့လေ"

"ဒါပေသိ ကျုပ်တို့ကလည်း သောက်ကြောတင်း
သဗျ၊ ရှိတာလေး ထုခွဲရောင်းစားပြီး အမှန်တရား
ဖက်က ရပ်ခဲ့ကြတာဟေ့၊ ထမင်းမစားရ
ဆန်ပြုတ်သောက်ကြမယ်။ ငါတို့ထက် ဆိုးတဲ့
သူတွေ အများကြီး၊ အပုံကြီးရှိသေးသပ။
ငါတို့က အစားအသောက်ခက်ခဲတာအပြင်။
အရင်က မိသားစုမှာ ဦးစားပေး၊ ပ စားပေး
ခံကြရပြီးအခုများမှာတော့ ချောင်ထိုးခံရ၊
အပြောခံရ၊ မထိ တထိ ကလိခံရ၊ နေရာတကာ သိမ်ငယ်ခံရ၊ မျက်နှာအင်မတန်ငယ်ကြရ၊
ကွယ်ရာတမျိုး ရှေ့တမျိုး နာခံခက်သော
စကားတွေ ပြောခံရသူကြီးတွေ ဖြစ်မှန်းမသိ
ဖြစ်နေကြပါရောလား"

"ကျုပ်တို့ရဲ့ စိတ်တွေလည်း တက်လိုက် ကျလိုက်နဲ့
ချာရဟတ်စီးနေရသလိုပါပဲဗျာ"

ပြောဆိုသွားသူ မိတ်ဆွေ၏ စကားလုံးများက
ကိုယ်တွေနဲ့ ဒက်ထိ တိုက်ရိုက်ကြီးကို မှန်နေတော့
အင်း၊ ဟုတ်သပ၊ ဟုတ်ပေဗျို့၊ ဟုတ်တာပေါ့၊
ဟုတ်လိုက်လေဗျာ၊ ဒါပေါဗျာ၊ မှန်ပေသဗျို့
အစရှိသော စကားလုံးများဖြင့် ခေါင်ညိတ်လိုက်
နှုတ်က ထောက်ခံလိုက်ဖြင့် ရင်တွင်းဖြစ်
ရင်ဖွင့်ပွဲကြီးကို အောင်မြင်စွာ အပြီးသတ်လိုက်
ရပါတော့သည်။

@htwegyi
August 7, 2024



0
0
0.000
3 comments
avatar

အားတင်းထားပါဗျာ။ အောင်ပွဲက​ြီး နီးလာပါပြီ။
အစိုးရ လခစားနဲ့ ဝန်ထမ်းမှန်သမျှကတော့ ဒီလို ရုန်းကန်ရတာပဲ။ ကျွန်တော်လည်း လခစားဘဝနဲ့ 10 နှစ်နီးပါး ကျင်လည်ခဲ့ဖူးတော့ ကိုယ်ချင်းစာပါတယ်။ ဒါကြောင့် Financial Freedom ဖြစ်မဲ့ အလုပ်တွေပဲ လေ့လာဖြစ်တယ်။ ဒါပေမဲ့ မြန်မာနိုင်ငံမှာက အဲ့ဒီလို အလုပ်မျိုးက အာဏာသိမ်းပြီးကတည်းက လုပ်ကိုင်ဖို့ အဆင်မပြေတော့တာ။

!PIZZA

!LUV

0
0
0.000