မိသားစုနှင့် ဗိုက်

မိသားစု ဆိုသည်က အမေ၊ အဖေနဲ့ သားသမီးများ
စုစုဝိုင်းဝိုင်း တသားတည်းရှိသော အဖွဲ့အစည်းလေး
ဖြစ်သည်။ မိသားစုမှာ သူရို့တာဝန်ကိုယ်စီနဲ့ ရှိကြပေသည်။
မေတ္တာတရားများလည်း ကိုယ်စီထားရှိကြသည်။
ကိုယ်စီတာဝန်များ ပျက်ကွက်ပါမူ ထိုအဝန်းအဝိုင်းလေးက
စုစုစည်းစည့်း မရှိတော့။ ပျော်ရွှင်စရာလည်း
ပျောက်ဆုံး လေသည်။

မိသားစုတွင် မိခင်သည်က အဓိက ပါဝင်သူတဦး
ဖြစ်သည်။ မိခင်များသည် အများအားဖြင့်
မိသားစုနဲ့ အနီးကပ်ဆုံး၊ အချိန်အကြာဆုံး
ရှိသူများဖြစ်ကြသည်။ မိသားစုသည်
စာအုပ်တအုပ်ဆိုပါမူ မိခင်၏ အခန်းက
အများဆုံးဖြစ်ပေမည်။ ဤသို့ ရေးရသည်မှာ
မနေ့က တူမနှင့် လိုက်ပါသွားခဲ့ရသဖြင့် မိခင်
များ၏ သတ္တိကို အနီးကပ် တွေ့ရှိခဲ့ရသည်။

တူမများနှင့် မြို့ထဲသို့ လမ်းကြုံလိုက်ပါရင်း
အိုဂျီ အထူးကုဆရာဝန်တဦး၏ ဆေးခန်းသို့ ရောက်ရှိသည်။
ထိုအိုဂျီအမျိုးသမီးက ဘာသာခြား
အမျိုးသမီးတဦးဖြစ်သည်။ သူမ၏ဆေးခန်း
မှာ ပြသသူအများက ငွေကြေးတတ်နိုင်သူရော၊
မတတ်နိုင်သူရော ပေါင်းစုံးပြသကြသည်။
ထို ဆရာဝန်မသည်က အသက်အရွယ်မကြီး
သေးဟုထင်ရသည်။ လူနာတဦးကို ကြည့်ရှု
စမ်းသပ်ခ တဦးကို ငါးထောင်သာပေးရသည်။
ယခုခေတ်မှာ အထူးကုတဦးက လူနာကြည့်ပါလျှင်
အနည်းဆုံးတသောင်းကျပ်ခန့် ပေးရမည်ဟု
ထင်ပါသည်။ ဆေးခန်းပြဖူးသူတိုင်း သိကြမည်
လည်းဖြစ်ပါသည်။

ထိုအိုဂျီမ၏ အပင်ပန်းခံမှုကိုလည်း လေးစားရပါသည်။
လူနာတဦးပြပြီးသည့်အခါတိုင်း လူနာနှင့်အတူ
ဝင်ပေါက်သို့လိုက်ပါလာရင်း နောက်လူနာတယောက်ကို
ကိုယ်တိုင်ခေါ်ယူသည်။ လူနာခေါ်ယူသည့်အခါ
မှာလည်း စနစ်တကျ ခေါ်ယူသည်။ အိုဂျီမ၏
အခန်းကဏ္ဍပြီးသကာလ လာပြသူ မဗိုက်တို့၏
အခြေအနေကို ရေးရပါအုံးမည်။ လာပြသူ
မဗိုက်များကလည်း ဒီဇိုင်းကာလာ စုံလင်လှပေသည်။

ဗိုက်လှလှများ၊ ဗိုက်ဝဝများနှင့် ဗိုက်ဒီဇိုင်းများပါ
လာပြသည်။ ဗိုက်ခေါင်မြီးခြုံများလည်း ပါဝင်သည်။
ဗိုက်လာပြသူအများစုတွင် အမျိုးသားပါဝင်မှု
နည်းပါသည်။ ကျွန်တော့်ဘေးမှ ခေါင်းမြီးခြုံဗိုက်၏
အမျိုးသား ကိုမုတ်ဆိတ်က ဖုန်းကြည့်ရင်း စောင့်ရတာ
ကြာသဖြင့် သူ့ဗိုက်ကို တိုကင်နီးပလားဟု မေးရန်
ပြောသည်။ မိန်းမဗိုက်က မကြားချင်ယောင်ဆောင်
သလား၊ မကြားသလားမသိပေ။ ကိုမုတ်ဆိတ်
ပြောစကားကို ဂရုမစိုက်ပေ။ နောက်ဗိုက်စုံတွဲက
ငယ်ရွယ်သူ စုံတွဲဖြစ်သည်။ ကျွန်တော်တို့ ရောက်ကတည်းက
နှစ်ဦးသားဖုန်းကိုယ်စီဖြင့် ကြည့်လိုက်
စကားတွတ်ထိုးလိုက် လုပ်နေသည်။

မည်သို့ပင်ဆိုစေ နွေနေပူပူမှာ ဗိုက်ပူပူနဲ့
သူရို့၏ ရင်နှစ်သည်းချာကို လွယ်ထားကြသည်မှာ
သက်သာမည်မဟုတ်ပေ။ သတ္တဝါတိုင်း၏ မိခင်တိုင်း
သည်က သူရို့၏ ရင်သွေးများကို ထိန်းသိမ်းကာကွယ်
စောင့်ရှောက်ကြသည်ကတော့ မလွယ်ဧကန်
ပါပေ။

@htwegyi
April 12, 2026



0
0
0.000
3 comments
avatar

မိခင်များအားလုံးကို လေးစား တန်ဖိုးထားပါတယ်ဗျာ။

!PIZZA

!sbi status

0
0
0.000
avatar

Hi @myanmarkoko!

  • you have 18 units and 0 bonus units
  • your rshares balance is 667165003468 or 0.056 $
  • you need to wait until your upvote value (current value: 0.019 $) is above 0.021 $



    Have you seen our website?
    It's a great resource to check your Hive SBI levels, along with your history of who has sponsored you and what upvotes we have provided you!
0
0
0.000