ကုသိုလ်လဲရ ဝမ်းလဲဝ။

တနေ့က @nweoomon မှ ဖုန်းဆက်လာသည်။
သူ့အမေ ကွယ်လွန်ခြင်းငါးနှစ်ပြည့်ကုသိုလ်
လုပ်မည် လိုက်ခဲ့ပါဟုခေါ်သည်။ ကိုယ်တွေ
ကလည်း အလုပ်မရှိ တရာ့ကိုး တရာ့တဆယ်
ဆိုတော့ အချိန်တိုင်အားသည်။ ဒီတော့
သူမ၏ခေါ်ကြားချက်အား မငြင်းအားပါ။

သူမ၏ အခေါ်ပင် မဆုံးမှီ လိုက်မည်ဟု ဇွတ်
အတင်းကို ပြောလိုက်သည်။ အိမ်ထဲမှာပင်
အနေကြာလာတော့ ပိုစ့်တင်ဖို့ ကုန်ကြမ်း
မရှိတော့ပေ။ ဒီတော့ သူမ၏ အခေါ်ကို
အိန္ဒြေမဆောင်နိုင်ပေ။ ကုလိုလ်လဲရ ဝမ်းလဲဝ
သည့်အပြင် ကိုယ့်အတွက် ဓာတ်ပုံများရပေမည်။

ယနေ့ မနက်ရှစ်နာရီ ကားဖြင့်လာ ခေါ်ကြသည်။
ကျွန်တော့်အိမ်က သူမတို့အိမ်နှင့် ရိပ်သာကြား
မှာရှိ၍ ဝင်ခေါ်လို့ အဆင်ပြေပေသည်။
သူမတို့ ညီအမ ခြောက်ဦးစုပေါင်း၍ ကုသိုလ်
လုပ်ခြင်းဖြစ်သည်။ @nweoomon ၏မိခင်
ငါးနှစ်ပြည့် ကုသိုလ်ပြုပွဲကို အမရပူရမြို့နယ်ရှိ
မိုးထိအောင်စည် တရားရိပ်သာမှာ
ပြုလုပ်သည်။ ထိုတရားရိပ်သာ၌
ရှိကြသော သံဃာတော်၊ သီလရှင်နှင့်
ယောဂီများကို နေ့ဆွမ်းကပ်သည်။

ညီအမများ၏ သားသမီးများ၊ မြေးများဖြင့်
အလှူပွဲက ပျော်စရာကောင်းသည်။ နေ့ဆွမ်းကို
ပုဇွန်ချက်၊ သီးစုံဟင်းရည်၊ ပဲချက်၊ ငပိရည်၊
တို့စရာအစုံနှင့် အရွက်သုပ်များ၊ အချိုပွဲများ
ဖြင့် အလှူရှင်များပါ ရော၍ စားကြရသည်။
သီလရှင်ဆရာလေးများနှင့် ယောဂီများကို
@nweoomon ကသူ့လက်ထွက် ဆပ်ပြရည်ဗူးများ
လှူဒါန်းသည်။ တူမများက မုန့်ထုပ်များ
လှူဒါန်းကြသည်။ ယနေ့အတွက် ကုသိုလ်လဲရ
ဝမ်းလဲဝသည့်အပြင် Hive အတွက်ပိုစ့်ရသည်
Dbuzz အတွက် ပုံများရခဲ့ ပေသည်။
@htwegyi
14-8-2022
ဗိုက်ဝပြီးတော့ ဟိုက်များ ရပါစေ
!LUV
အများကြီး ရပါစေလေ 😁
!PIZZA
PIZZA Holders sent $PIZZA tips in this post's comments:
golden.future tipped htwegyi (x1)
@walarhein(4/5) tipped @htwegyi (x1)
Learn more at https://hive.pizza.
!PIZZA
အဆင်ပြေသွားတာပေါ့ ဘထွေးတို့က
!LOLZ
!LUV
@suhlaing(1/1) gave you LUV.
 tools | wallet  | discord | community | <>< daily
HiveBuzz.me NFT for Peace
lolztoken.com
He just needed a little space.
Credit: reddit
@htwegyi, I sent you an $LOLZ on behalf of @suhlaing
LOLZ staking coming August 14! Please read our latest update for details on how it will impact you.
(1/10)
ဟုတ်သပ
ခရီးစဉ်အကြောင်း ပြည့်စုံပါပေ့။
အဟီး တော်သေး 😁။
သာဓု သာဓု သာဓု
!LUV
@princekham(4/5) gave you LUV.
 tools | wallet  | discord | community | <>< daily
HiveBuzz.me NFT for Peace