ချစ်စရာ့ အရွယ်။

ကလေး ဆိုသည်က အိမ်၏ ဆွဲလည်ဖြစ်သည်။
က‌လေးရှိသည့်အိမ်နှင့် ကလေးမရှိသည့်အိမ်
ကွာခြားသည်။ ကလေးရှိသည့်အိမ်က ဆူဆူညံ့ညံ့
ရှိလှသည်။ စိုစိုပြေပြေရှိလှသည်။ ရီမောသံ၊
ငိုယိုသံများဖြင့် အိမ်က စိုပြေသည်။

ကလေးမရှိသည်အိမ်က တိတ်ဆိတ်သည်။
ခြောက်သွေ့သည်။ လူအချို့က တိတ်ဆိတ်ခြင်းကို
ကြိုက်သည်။ အချို့က ဆူဆူညံ့ညံ့ညံ့စိုပြေပြေ
ကို နှစ်သက်သည်။ သို့ပေသိ ထိုသို့ ဆူညံ့သံကို
ကြိုက်နှစ်သက်မှုက ပုံစံရှိသေးသည်။

ကလေး ဆူသံ ငိုသံကို ကြိုက်သူများက
အများအားဖြင့် ကိုယ့်သွေးသား သံယောဇဉ်
ကြောင့် သည်းခံသည်ရှိသလို။ တခါတရံ
ကိုယ့်သွေးသားကိုပင် သည်းမခံနိုင်
သည်လည်းရှိသည်။

လူ့စိတ်ဆိုသည်က ကြည်သည်အခါ ကြည်၍
နောက်သည့်အခါလည်းရှိသည်။ ကြည်သည့်အခါ
ဖေ့သား၊ မေ့သမီး လေးဟု ပြောဆို ချော့မြူ
တတ်သည်။ စိတ်မကြည်သည့်အခါ အော်ဟစ်
ငေါက်ငမ်းတတ်ပြန်သည်။

မည်သို့ဆိုစေ ကလေးတို့သည်က အဖြူထည်
ချစ်စရာကောင်းကြပေသည်။ ကိုယ့်သွေး
ကိုယ့်သား ဆိုပါမူ ပို၍ သည်းသည်းလှုပ်တတ်
ကြပေသည်။ သွေးသား မဟုတ်သည်ပင်
ချစ်စရာကောင်းပါမူ ချစ်ကြပေသည်။

ကျွန်တော်သည်ပင် ဖော်ပြပါပုံပါ ကလေးအား
သွေးသားမတော်သည်ပင် ချစ်စရာကောင်း၍
ချစ်ခင်မိသည်။ စကားသင်ကာစ မပီကလာ ပီကလာ
ပြောသံကပင် ချစ်စဖွယ်ဖြစ်စေသည်။
တနှစ်ကျော်အရွယ် ကလေးတဦးက လမ်းလျှောက်တတ်စ၊ စကားပြောသင်စ ဖြစ်ကြ၍ ပိုပြီး
ချစ်စရာကောင်းကြပေသည်။

@htwegyi
November 14, 2023



0
0
0.000
7 comments
avatar

ကလေးကို မဟုတ်တာတွေသင်မပေးနဲ့နော် 😁 !LUV

0
0
0.000
avatar

သူ့အလိုလို တတ်နေတာပါ။

0
0
0.000
avatar

@htwegyi, the HiQ Smart Bot has recognized your request (1/1) and will start the voting trail.

In addition, @htwegyi gets !HUG from @hiq.redaktion.

For further questions, check out https://hiq-hive.com or join our Discord. And don't forget to vote HiQs fucking Witness! 😻

0
0
0.000
avatar

@hiq.smartbot, sorry!

You are out of hugs for today.

You can call the HUG bot a maximum of 2 per day.

The current call limits are:

HUG in walletcalls per day
01
12
103
0
0
0.000