အမည်မသိ ဝေဒနာ။

ယနေ့ ပင်စင်ထုတ်ရက်ဆိုတော့ မြို့ထဲသို့
သွားရပြန်သည်။ မြို့ထဲရောက်သည့်အခါ
နေရာဟောင်းကို မြင်တော့ ဝမ်းနည်း
သလိုလို ရင်နာသလို ဖြစ်ရသည်။
တွေ့သူအချို့ကို မမြင်ဟန်ပြုရသည်။
သူတို့ကတော့ ကိုယ်တွေကို သနားနေမလား၊
ဟားနေမလား။
ကိုယ်တွေအတွက်တော့ စ ခဲ့မိဟာမို့
တနေ့မှာ ဆုံးရာရောက်ပါလိမ့် အဖန်ဖန်
အားတင်းရင်း ရှေ့ဆက်လျှောက်နေသည်။
သို့ပေသိ နေရာဟောင်းမို့ လွမ်းသလေ။
အချိန်မကျသေးသမို့ အားတွေတင်းသလေ။
ဆိုသလို ကိုယ်တွေမှာ ကိုယ်တွေသာရှိသမို့
အားတင်းရသည်။
ယခုလ မြို့ထဲပင်စင်ထုတ်သွားသည်မှာ
အိုးဝေကို စုပေါင်းငှားမိသည်။ တဦးငါးထောင်
ကျသည်။ ကျန်သည့်နှစ်ဦးက ဘဏ်(၂) သို့
သွားထုတ်ရသည်။ ကိုယ်တွေက ဘူတာကြီးမှာ
ဆင်းနေရစ်သည်။ အပြန်မှ ဝင်ခေါ်ရန်ပြော
လိုက်သည်။ ပင်စင်ထုတ်ပြီး မိတ်ဆွေအချို့နှင့်
လက်ဖက်ရည်သောက်သည်။
လက်ဖက်ရည်သောက်ရင်း မိတ်ဆွေက
ကိုယ်ကို မေးသည်။ ယခု အလုပ်ဆင်းနေသူ
နန်းတွေကို ကျုပ်တို့အောင်ပွဲရရင် ဘာလုပ်ပစ်
မှာလဲဟုမေးသည်။ ဘာမှ လုပ်မနေနဲ့
သူ့တို့စရိတ်နဲ့ သူတို့သွားလိမ့်မယ်။
စီစဉ်ထားသူတွေက စီစဉ်ပြီရောပေါ့ဟု
ပြောမိသည်။ ပြောနေသူကိုယ်က
ဟိုးအဝေးကို ငေးရင်း အမည်မသိဝေဒနာ
က ရင်ကို လာကလိနေသည်။

အိမ်အပြန်မှာ အဖော်နှစ်ဦးက ဘုရားကြီး
ဝင်ဖူးသည်။ သူတို့ဝင်ဖူးတော့ ကိုယ်လည်
မရောက်တာကြာသော ဘုရားကြီးကို ဝင်ရောက်
ဖူးမျှော်မိသည်။ ဝါဆို၊ ဝါခေါင်လ ယခုလို
အချိန်ရာသီဆိုပါရင် ဘုရားကြီးမှာ
ရပ်ဝေးဘုရားဖူးများ အင်မတန်စည်ပေသည်။
တောင်ပြုံးနတ်ပွဲလာရင်း ဘုရားဖူးကြရင်း
တိုးမပေါက်အောင် စည်ကားခဲ့သည်။

ယခုတော့ ဘုရားကြီးမှာ အေးဆေးစွာ
ဘုရားဖူးခဲ့ရသည်။ ဘုရားကြီးကို ဖူးမျှော်ရင်း
မျက်နှာတော်ကို သတိထားဖူးမိသည်။
ယခင်အချိန်က ရွှေသားအတိ
ဝင်းဝါနေသည့် မျက်နှာတော်က
အနည်းငယ် မှောင်ရိပ်သန်းနေသလား။
ကိုယ့်စိတ်ကပဲ ထင်သလား။ သို့ပေသိ
ပါလာသူ အဖော်ကလည်း ပြောသည်။
အရာအားလုံးက မှေးမှိန်ဖျော့တော့
နေကြပါရော့လားကွယ်။
@htwegyi
24-8-2022
I have not go there for along time.
I miss so much!
!PIZZA
အမြန်ဆုံးသာ ပြီးဆုံးပါစေတော့လေ။
!hiqvote
!Lolz
!luv
အစစအရာရာ ဂရုစိုက်ပါဦးထွေးရေ။ ကျန်းမာရေးလည်းကောင်းအောင်နေပါဗျို့။
@callmemaungthan(1/3) gave you LUV.
 tools | wallet  | discord | community | <>< daily
HiveBuzz.me NFT for Peace
ဟုတ်ကဲ့ပါ ကျန်းမာရေးက အဓိကပါပဲလေ။
If you have at least 10 HIQS staked, then juicy votes will follow!
Delegate [HP to @hiq.hive], [BEE to @hiq.bee], [PHOTO to @hiq.photo], [FUN to @hiq.fun] or [PIMP to @hiq.pimp] to support the HiQ Smart Bot and its trails.
For any further questions, please feel free to contact @hiq.redaktion via comment or Discord.
(This is a
semiautomaticaly created manual curation. Currently I am in the testing phase though !LOL)Check out HiQ - The Hivestyle Magazine, fomo into HiQs - The Support Token & vote our fuckingWitness!
အားတင်းကာ ရှေ့ဆက်လှမ်းပါပေါ့။
!pizza
!luv
ကိုယ့်ထက်ဆိုးသူတွေကြည့်၍ အားပြန်မာန်တင်း။
အဆင်ပြေအောင် ကြိုးစားရင်း ရှေ့ဆက်ကြမယ်
!pizza
!luv
@walarhein(2/5) gave you LUV.
 tools | wallet  | discord | community | <>< daily
HiveBuzz.me NFT for Peace
ဟုတ်ကဲ့ပါဗျာ
!luv
!lol
lolztoken.com
That's six years in a row now.
Credit: reddit
@htwegyi, I sent you an $LOLZ on behalf of @tin.aung.soe
The LOLZ Tribe is here! Stake your LOLZ now to earn curation rewards and continue using the !LOLZ command. Please read our latest update for more information.
(3/6)
နေဝင်ညကို ကူးဖြတ်ပြီးမှ ရောင်နီသာမဲ့ နေ့သစ်ကို ရောက်မယ်
!LOLZ
!PIZZA
!LUV
@suhlaing, sorry! You need more to stake more $PIZZA to use this command.
The minimum requirement is 20.0 PIZZA staked.
More $PIZZA is available from Hive-Engine or Tribaldex
@suhlaing(1/1) gave you LUV.
 tools | wallet  | discord | community | <>< daily
HiveBuzz.me NFT for Peace
သံသရာလမ်းဟာ မချောမွေ့တတ်တော့
ရင်ဆိုင် ခွန်အားဖြည့်ရတာပ။