အလှ Beauty.

မိုးရာသီပြီးဆုံးတော့မည်။ မိုးရာသီပြီးပါက
ဆောင်းရာသီ ရောက်မည်။ ဆောင်းပြီးတော့
နွေရာသီဖြစ်သည်။ မိုး၊ ဆောင်း၊ နွေ ရာသီသုံးမျိုး
ပြီးပါက တနှစ်ပြည့်သည်။ ထိုရာသီသုံးမျိုးက
မြန်မာပြည်၏ ရာသီဥတုများဖြစ်သည်။

လူတို့သည် နေ့စဉ် လှုပ်ရှားသွားလာနေသည်။
စားဖို့ ၊ ဝတ်ဖို့ ၊ နေဖို့ စားဝတ်နေရေး စသည့်
သံသရာစက်ဝန်းကြီးမှာ လည်ပတ်နေကြသည်။
ထိုသို့ လှုပ်ရှားကြရင်း အသက်တို့က ကြီးလာသည်။
ရုပ်ရည်တို့က တဖြည်းဖြည်းချင်း သိသာသလို၊
မသိသာသလို ရင့်ရော်လာသည်။

အိုမင်ရင့်ရော်လာသော ရုပ်ရည်ကို အချို့က
တားဆီးကြသည်။ လှချင်ကြသည်။ အိုမင်မှု
ရင့်ရော်မှုကို နည်းပညာများဖြင့် တားဆီးပါသော်လည်း
အချိန်တခုသာရပေမည်။
အချိန်တန်တော့ ထိုအလှကို ထား၍ လောကကြီးမှ
ထွက်ခွါကြရပေမည်။

လှပမှုကို လူတိုင်းရချင်သည်။ အမျိုးသားနှင့်အမျိုးသမီးတွင် အထူးသဖြင့် အမျိုးသမီးထုက
ပိုမိုလှချင်သည်။ အလှဆိုသည်က မျက်စိ
အမြင် အကြည့်တခုဖြင့်သာ ခဏအတွင်း
သတ်မှတ်ချက်ဖြစ်သည်။

သို့ပေသိ ထိုအချိန်ခဏ အလှကိုပင် မျက်စိမှာ
စွဲလန်း၍ တပ်မက်မှုဖြစ်ကြသည်။ မျက်စိ
မှာ ခဏတာမြင်လိုက်ရသော အလှတခုကိုပင်
အရုးအမူးဖြစ်သွားကြသည်။ အလှဆိုသည်အရာက
လူကို အရူးဖြစ်စေတတ်သည်။ ထိုအပြင်
အလှအတွက် ရန်ပွဲများပင်ဖြစ်ကြသည်။

ထိုအလှကို တွယ်တာမက်မောရင်း မေတ္တာတွေ သံယောဇဉ်တွေ နောက်ဆက်တွဲဖြစ်ပေါ်လာသည်။
ထိုမှတဆင့် ချစ်ခြင်း၊ မုန်းခြင်း၊ ရယူလိုချင်၊
ပိုင်ဆိုင်လိုချင် အလိုဆန္ဒတွေ တခုပြီးတခု
ပေါ်ပေါက်လာသည်။

လူတဦး၏ ပင်ကိုယ် စိတ်နေသဘောထား
အလှတရားအမှန်ကို အချိန်ယူ၍ ကြည့်ရှု
ကြရပေသည်။ ထိုစစ်မှန်သော အလှတရားကိုမူမျက်စိဖြင့်
ခဏတာကြည့်ရှုမရပေ။ ခဏတာ
အချိန်ဖြင့်လည်း သေချာစွာ မမြင်နိုင်တတ်ပေ။
မြင်အောင်၊ သိအောင်၊ တွေ့အောင်
ကြည့်ရှုနိုင်ကြပါစေ။

@htwegyi
October 21, 2023



0
0
0.000
12 comments
avatar

ဖျက်မိုးလာအုံးမတဲ့နော် ရေကာတာလုပ်ထားအုံး 😁 !LOLZ

0
0
0.000
avatar

ဟုတ်သလားဗျို့။ လှေငှားထားရမယ်ထင်ပ။

0
0
0.000
avatar

ဆည်​ဖောက်မယ်ဆိုလား 😂

0
0
0.000
avatar

ငင့် ဘယ်သတင်းကလည်းဗျ။

0
0
0.000
avatar

Congratulations @htwegyi! You have completed the following achievement on the Hive blockchain And have been rewarded with New badge(s)

You distributed more than 21000 upvotes.
Your next target is to reach 22000 upvotes.

You can view your badges on your board and compare yourself to others in the Ranking
If you no longer want to receive notifications, reply to this comment with the word STOP

To support your work, I also upvoted your post!

0
0
0.000