ပန်း နှင့် ပိုး

မင်္ဂလာပါ

ပန်းစိုက်တာ ဝါသနာပါပြီး ပန်းလေးတွေကို ချစ်တတ်လို့ ပန်းပင်လေးတွေ စိုက်ပျိုးထားပါတယ်။


ခုတော့ ကိုယ်ချစ်တဲ့ ပန်းပင်၏ အရွက်လေးတွေကို ပိုးကိုက်နေတာ မြင်တွေ့ခဲ့ရပါတယ်။


လောက်လန်းလို ပိုးကောင်စိမ်းစိမ်းလေးတွေ ချစ်စရာတော့ မဟုတ်ပါ။
ပိုးသတ်ဆေး မဖျန်းချင်ပေမယ့် ပန်းပွင့်တွေကို ပိုးကိုက်မှာစိုးလို့ ဖျန်းရတော့မလိုပါပဲ။
ခုလောလောဆယ်တော့ ပန်းရွက်တွေပေါ်က ပိုးကောင်လေးတွေကို ဒုတ်ဖြင့် ခြစ်ယူကာ ဖယ်ရှားထားပါတယ်။


စံပယ်ပန်းလေးတွေ ဖွေးဖွေးလှလှ ပွင့်အောင် ဘယ်လိုလုပ်ရပါမလဲ။ ပိုးမကိုက်အောင် ဘယ်လိုလုပ်သင့်လဲ မိတ်ဆွေတို့ရေ။



0
0
0.000
0 comments