Sunrise Phone Photography Entry
May you be blessed with all the blessings.
Today, I will enjoy the beauty of nature.

Maybe it's because I live in a rural area? I often feel peaceful in the countryside.

Early in the morning, as the sun was just beginning to rise, I was riding my motorcycle to another village.
While looking at the scenery along the road, I saw the red sun rising from the east.
I felt the beauty of the sun rising between the palm trees and wanted to take a picture of the morning beauty of the countryside.
So I stopped the motorcycle, turned on my phone camera, and took a picture of the sun rising from the east.

In fact, it is good to enjoy the beauty of the rising and setting sun.
In the afternoon, we don't want to see the hot sun, and we don't want to feel the heat.
But since sunlight provides energy for us humans, I don't hate the sun at any time.
Now, friends, enjoy the natural beauty of the morning sun like me.
မင်္ဂလာအပေါင်းနှင့်ပြည့်စုံကြပါစေ။
ဒီနေ့တော့ သဘာဝအလှ ခံစားလိုက်ပါဦးမယ်။
ကျွန်တော်က ကျေးလက်ဒေသမှာ နေထိုင်သူ ဖြစ်၍ပဲလား။
ကျေးလက်သဘာဝရှုခင်းတွေထဲမှာ သာယာနေတတ်ပါတယ်။
မနက်စောစော နေ စထွက်ချိန်လေးမှာ ကျွန်တော်သည် အခြားသော ကျေးရွာတစ်ရွာသို့ ဆိုင်ကယ်ဖြင့် သွားဖြစ်ခဲ့ပါတယ်။
လမ်းနဘေးက ရှုခင်းတွေကြည့်ရင်း အရှေ့အရပ်မှ နီမြန်းသော နေဝန်းကို ငေးကြည့်မိခဲ့ပါတယ်။
ထန်းပင်တွေကြားက နေဝန်း၏ အလှကို ခံစားမိတော့ ကျေးလက်သဘာဝ၏ မနက်ခင်းအလှကို ဓာတ်ပုံရိုက်ယူချင်စိတ် ဖြစ်ခဲ့ပါတယ်။
ဒါနဲ့ ဆိုင်ကယ်ကို ရပ်နားကာ Phone Camera ကို ဖွင့်ပြီး အရှေ့အရပ်မှ ထွက်ပေါ်လာသော နေဝန်းကို ဓာတ်ပုံရိုက်ယူခဲ့ပါတယ်။
တကယ်တော့ ထွက်ပေါ်စ နေဝန်း နှင့် ဝင်လုဆဲ နေဝန်း၏ အလှကိုသာ ကြည့်ရှုခံစားလို့ ကောင်းတာပါ။
နေ့လည်ခင်းမှာတော့ အပူရှိန်ပြင်းတဲ့ နေမင်းကို မကြည့်မြင်ချင်သကဲ့သို့ အပူဒဏ်ကိုလည်း မခံစားချင်ပါဘူး။
ဒါပေမယ့် နေရောင်ခြည်က ကျွန်တော်တို့လူသားတွေအတွက် စွမ်းအင်ရရှိစေတာကြောင့် ဘယ်အချိန်မှာဖြစ်ဖြစ် နေမင်းကို မမုန်းပါဘူး။
ခုတော့ မိတ်ဆွေတို့လည်း ကျွန်တော်ကဲ့သို့ မနက်ခင်း နေ၏ သဘာဝအလှကို ကြည့်ရှုခံစားလိုက်ပါဦး။
မနက်စောစော ခရီးသွား စိတ်ကြည်လင်ပေါ့ပါး။
LOLZ
MEM
ဟုတ်ပေါ့ နေ့ခင်းတော့ ပူလှ