ငြိမ်းချမ်းပါစေ ကမ္ဘာမြေ

ရေလိုအေးလို့ ပန်းလို မွှေးမြကြပါစေ။
ဆောင်းရာသီမှာ ခန္ဓာကိုယ်က အေးချမ်းပေမယ့် စိတ်အေးချမ်းမှု ရှိကြပါရဲ့လား။
နိုင်ငံရေး စစ်ရေးက ဆူပွက်နေတော့ စိတ်ချမ်းသာနေနိုင်ကြသူ မြန်မာပြည်မှာတော့ ရှားပါလိမ့်မည်။
ကုန်ဈေးနှုန်းတွေ မြင့်တက်ပြီး ဝင်ငွေ မြင့်တက်မလာတော့ တပူပေါ်နှစ်ပူဆင့်နေကြရတာ မြန်မာနိုင်ငံသားတွေပါပဲ။

Hive Blockchain မှာလည်း မြန်မာတွေ ဝင်ငွေ မကောင်းကြတော့ဘူး။
Gaming Post တင်သူအချို့တော့ မဆိုးကြဘူးပေါ့။
HIVE ဈေး ကျရသည့်အထဲ HF 28 က Rewards တွေ လျှော့ချလိုက်တော့ ဝင်ငွေက ပိုကျလာတာပဲ။
ဘယ်မှာ အပျော်ရှာရမလဲနော်။
တကယ်တော့ ပျော်ရဖို့ထက် အသက်မသေ ဒုက္ခမများဖို့ပဲ ကြိုးစားရုန်းကန်နေကြရတာပါ။
ဘဝတွေက ဒီထက် ပိုဆိုးလာဦးမလား။
ရည်ရွယ်ချက်တွေ အိပ်မက်တွေ ဘယ်လို ထားနိုင် မက်နိုင်ဦးမလဲ။

ကဲ စိတ်ပျက်ညစ်ညူးတာတွေ ချရေးပြီးပြီမို့ စိတ်ပြေရာပြေကြောင်း ပန်းလေးတွေ၏ အလှသာ ထိုင်ကြည့်မိပါတော့တယ်။
ဒီပန်းလေးတွေက ဂန္ဒမာ မေမြို့ပန်း မျိုးထဲကပဲ ဖြစ်မှာပါ။
သို့ပေမယ့် ပွင့်လွှာလေးတွေက ဝန်းဝိုင်းနေတော့ ပိုလှနေကြပါတယ်။
ပန်းလေးတွေ ကြည့်ရင်း ဘဝအမောတွေ ပြေပျောက်နိုင်ကြပါစေ။



0
0
0.000
0 comments